w ၀မ်းတွင်းမြို့နယ် မကျီးအုပ်ကျေးရွာနေ အမျိုးသားတစ်ဦးအား နောက်အိမ်ထောင်ပြုသဖြင့် ဇနီးဖြစ်သူက တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့် - Eleven Media Group <

ဝမ်းတွင်းမြို့နယ် မကျီးအုပ်ကျေးရွာနေ အမျိုးသားတစ်ဦးအား နောက်အိမ်ထောင်ပြုသဖြင့် ဇနီးဖြစ်သူက တစ်လင်တစ်မယား ဥပဒေဖြင့် အမှုဖွင့်

မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာအုပ်စု၊ မကျီးအုပ်ကျေးရွာနေ အမျိုးသားတစ်ဦးအား အိမ်ထောင်သက် ၂၅ နှစ်ကျော်မှ နောက်အိမ်ထောင်ပြုသဖြင့် ဇနီးဖြစ်သူမှ တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူပေးပါရန် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာအုပ်စု၊ မကျီးအုပ်ကျေးရွာနေ ဒေါ်တင်ရှိန်(၄၇ နှစ်) သည် လွန်ခဲ့သော ၂၅ နှစ်က ညောင်အုပ်ဖီး ကျေးရွာနေ ဦးကျော်ဌေး (၄၃ နှစ်)ဖြင့် အိမ်ထောင်ကျခဲ့ရာ သားသမီးလေးဦး ထွန်းကားခဲ့ကြောင်း သိရသည်။ ထိုသို့ပေါင်းသင်းနေထိုင်စဉ် လွန်ခဲ့သော တစ်နှစ်ခန့်က ဦးကျော်ဌေးမှာ တစ်ရွာတည်းနေ အသက် ၃၀ အရွယ် မိန်းကလေး တစ်ဦးအား ခိုးယူထွက်ပြေး ပေါင်းသင်းနေခဲ့ပြီး ယခုအခါ မကျီးအုပ်ကျေးရွာ၊ ဒေါ်တင်ရှိန်နေအိမ်သို့ ပြန်လည်ရောက်ရှိ လာခဲ့သဖြင့် အိမ်ထောင်ရှိလျက်နှင့် နောက်အိမ်ထောင်ပြုခဲ့သူ ဦးကျော်ဌေးအား အရေးယူပေးပါရန် ဇန်န၀ါရီ ၂၈ ရက်တွင် ၀မ်းတွင်း မြို့မရဲစခန်းသို့ ဒေါ်တင်ရှိန်က တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

အဆိုပါအမှုအား ၀မ်းတွင်းမြို့မရဲစခန်းက (ပ)၂၄/၂၀၁၈ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

January 30, 2018














Copy Protected by Chetan's WP-Copyprotect.