NLD ပါတီ၏ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်းအား တာဝန်ပေးအပ်

NLD ပါတီ၏ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်းအား တာဝန်ပေးအပ်
Published 30 January 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်းကို တာဝန်ပေးအပ်ကြောင်း ဇန်နဝါရီ ၂၉ ရက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်သည်။

အဖွဲ့ဝင်ကိုးဦးပါဝင်သည့် အဆိုပါ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွင် ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဦးဝင်းထိန်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ ဦးကျော်ဟိုး၊ ဒေါ်လဲ့လဲ့၊ ဒေါ်ဝင်းမြမြ၊ ဦးတိုးလွင်တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ဦးဝင်းထိန်မှာ ၎င်း၏သားဖြစ်သူ မင်္ဂလာဆောင်အပြီးတွင် သြစတြေးလျနိုင်ငံရှိ သမီးဖြစ်သူထံ ခေတ္တသွားရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent