w ကျပ် ၃၇ ဘီလျံ ရင်းနှီးဆောက်လုပ်နေသည့်  မြစ်ကြီးနား-ပူတာအို ပြည်ထောင်စု လမ်းမပေါ်ရှိ တံတားတစ်စင်းကို ကေအိုင်အေက ဖျက်ဆီးခဲ့သည် ဟုဆိုကာ လုပ်ငန်းအားလုံး ပြန်ရုပ်သိမ်း - Eleven Media Group <

ကျပ် ၃၇ ဘီလျံ ရင်းနှီးဆောက်လုပ်နေသည့်  မြစ်ကြီးနား-ပူတာအို ပြည်ထောင်စု လမ်းမပေါ်ရှိ တံတားတစ်စင်းကို ကေအိုင်အေက ဖျက်ဆီးခဲ့သည် ဟုဆိုကာ လုပ်ငန်းအားလုံး ပြန်ရုပ်သိမ်း

ကျပ်ဘီလျံ ၃၇ ဘီလျံ ရင်းနှီးဆောက်လုပ်နေသည့်  မြစ်ကြီးနား-ပူတာအို ပြည်ထောင်စု လမ်းမပေါ်တွင် ကေအိုင်အေက တံတားတစ်စင်းကို ဇန်န၀ါရီ ၂၈ ရက်တွင် ဖျက်ဆီးခဲ့သည် ဟုဆိုကာ လုပ်ငန်းအားလုံး ပြန်ရုပ်သိမ်းခဲ့ကြောင်း ကချင်ပြည်နယ် လမ်းဦးစီးဌာနမှ သိရသည်။

ယင်းလုပ်ငန်းတွင် လုပ်ငန်းဆိုက်အလိုက် ကုမ္ပဏီပေါင်း ၁၀ ခုရှိပြီး အလုပ်သမား ၂၀၀၀ ၀န်းကျင်ခန့် အသုံးပြု လည်ပတ်နေကြောင်း၊ လုံခြုံရေး အခြေအနေများကြောင့် လုပ်ငန်းအားလုံး ရပ်နားကာ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုမြို့များသို့ စက်ယန္တရားများနှင့် လူများတိမ်းရှောင်နေထိုင်ရန် ထုတ်ပြန်ထားကြောင်း သိရသည်။

လမ်းဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမြင့်ဦးက “မနေ့က ပျက်သွားတာက ၆/၁၁၁ တံတားကို ကရိန်းမီးရှို့ပြီး ပိတ်ထားခဲ့တယ်။၂/၁၁၀ ကို တော့ ၂၅ ပေလောက် ဘက်ဟိုးနဲ့ဖြိုသွားတယ်။ ဘက်ဟိုးကို မီးရှို့ပြီး ကန့်လန့်လုပ်ထားခဲ့တယ်။ ၀န်ထမ်းတွေ အလုပ်သမားတွေကိုတော့ ဘာမှမလုပ်သွားဘူး။ အခုအချိန်မှာတော့ လုံခြုံရေး အခြေအနေအရ လုပ်ငန်းအားလုံး ရပ်နားခိုင်းပြီး မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုမြို့တွေပေါ်ကို တိမ်းရှောင်ကြဖို့ စာထုတ်ထားပါတယ်။ ကုမ္ပဏီက ၁၀ ခုရှိတယ်။ တခြားလုပ်ငန်း ဆိုက်တွေပါဆိုရင် ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ ၀န်းကျင်ရှိမယ်။၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ပြည်ထောင်စု၊ ပြည်နယ် ၃၇ ဘီလျံရှိပါတယ်။ အခုယူဆချက် အရ ၅၀ ရာခိုင်နှုန်း အထက်တော့ လုပ်ငန်းပြီးစီးပြီလို့ မှန်းတယ်။ လုံခြုံရေး မရှိတော့ ကျွန်တော်တို့လည်း ဘာမှဆက်သွားလို့ မရဘူးလေ။ တံတားကတော့ ၂၅ ပေဆိုရင် ပြင်ရင် တစ်ပတ်ဝန်းကျင်ပဲ ကြာမှာပါ။ ဒါပေမဲ့ နယ်မြေအခြေအနေအရပေါ့။ ချောင်းအောက်ကနေပြီးတော့ ပတ်တက်လို့တော့ ရသေးတယ်” ဟု ပြောကြားသည်။

အစိုးရ မှတ်တမ်းများအရ ၂၀၁၁ ခုနှစ် နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများ ဖြစ်ပွားကာ တံတားအစင်းပေါင်း ၁၂၀ ကျော် မိုင်းခွဲဖျက်ဆီးခြင်းခံရပြီး ယခုအချိန်တွင် အားလုံးနီးပါး ပြန်လည်တည်ဆောက် နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်က မလိခမြစ်ကြောင်း တီယန်ဇွပ် အထက်ပိုင်းတွင် နယ်မြေရှင်းလင်းမှုကို ဇန်န၀ါရီ ၁၇ ရက်ကတည်းက လုပ်ဆောင်နေခြင်းဖြစ်ပြီး ကေအိုင်အေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် (ကေအိုင်အေ) အဖွဲ့တို့သည် တနိုင်းဒေသ ဆွမ်ပရာဘွမ်မြို့နယ် အတွင်းရှိ  မေလိခမြစ်ကြောင်း ဒေသများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် တရားမ၀င် ပယင်း၊ ရွှေ၊ သစ် စသည့် သယံဇာတများနှင့် ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

 

January 29, 2018














Copy Protected by Chetan's WP-Copyprotect.