မြောက်ဦးဖြစ်စဉ်အတွင်း လူအသေအပျောက်များခဲ့သည့် ပစ်ခတ်နှိမ်နင်းမှုအပေါ် ထိရောက်စွာ အရေးယူပေးရေး ၊ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့ အမြန်ဆုံးပြန်လွှတ်ပေးရေး ကျောက်တော်မြို့တွင် ရခိုင်ဒေသခံ ၃၀၀ ကျော် ဆန္ဒပြ

မြောက်ဦးဖြစ်စဉ်အတွင်း လူအသေအပျောက်များခဲ့သည့် ပစ်ခတ်နှိမ်နင်းမှုအပေါ် ထိရောက်စွာ အရေးယူပေးရေး ၊ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့ အမြန်ဆုံးပြန်လွှတ်ပေးရေး ကျောက်တော်မြို့တွင် ရခိုင်ဒေသခံ ၃၀၀ ကျော် ဆန္ဒပြ
Published 28 January 2018

မြောက်ဦးဖြစ်စဉ်အတွင်း လူအသေအပျောက်များခဲ့သည့် ပစ်ခတ်နှိမ်နင်းမှုအပေါ် ထိရောက်စွာ အရေးယူပေးရေး ၊ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့ အမြန်ဆုံးပြန်လွှတ်ပေးရေး ကျောက်တော်မြို့တွင် ရခိုင်ဒေသခံ ၃၀၀ ကျော် ယနေ့ (ဇန်နဝါရီ ၂၈ ရက်) တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုအား နေ့လည် ၁ နာရီတွင် စုရပ်ဖြစ်သော မြို့နယ် သာသနာ့ဗိမာန်တွင် ဟောပြောမှု ပြုလုပ်ကာ စတင်ခဲ့ပြီး မြိုတစ်ပတ် စီတန်းလှည့်လည် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စီတန်းလှည့်လည်ရာတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး ၊ မြောက်ဦးအကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းမှုအား ရှုံ့ချသည်၊ မြောက်ဦးအကြမ်းဖက် သတ်ဖြတ်မှုများအား ထိရောက်စွာ အရေးယူပေးရေး ၊ဒေါက်တာအေးမောင်အား အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ စာရေးဆရာ ဝေဟင်အောင်အား အမြန်ဆုံးပြန်လွှတ်ပေးရေး ၊မြောက်ဦးအရေးအခင်းကိစ္စနှင့် လူငယ်များအား ဖမ်းဆီးခြင်းကို ချက်ချင်းရပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးထားလျှင် ရခိုင်ပြည်သူ တောင်းဆိုမှုကို အစိုးရမှ လိုက်နာပါ စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ကိုင်ဆောင်သည့် ပိုစတာများ၌ မြောက်ဦးအကြမ်းဖက်သတ်ဖြတ်မှုကို အစိုးရမှ ထိထိရောက်ရောက် ဥပဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးရန် ၊ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်အား ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် ၊ စာရေးဆရာ ဝေဟင်အောင်အား ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် ၊ မြောက်ဦးအရေးအခင်းကိစ္စနှင့် လူငယ်များကို ဖမ်းဆီးခြင်းအား အစိုးရမှ ချက်ချင်းရပ်တန့်ပေးရန် ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားလျင် ရခိုင်လူထုတောင်းဆိုချက်များအား အစိုးရမှလိုက်နာပါ စသည့် စာတမ်းများ ရေးသားထားသည့် ပိုစတာများအား ကိုင်ဆောင်ကာ မြို့တစ်ပတ်လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ည့်နေ့တွင် ကျော်တော်မြို့၌ လုံခြုံရေးတိုးမြှင့်ချထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent