မောင်တောမြို့အနီး မောင်နီ (အလယ်ရွာ) ရှိ ဘင်္ဂါလီနေအိမ်တစ်လုံးမှ ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂ သိန်းခွဲကျော် ဖမ်းဆီးရမိ

မောင်တောမြို့အနီး မောင်နီ (အလယ်ရွာ) ရှိ ဘင်္ဂါလီနေအိမ်တစ်လုံးမှ ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂ သိန်းခွဲကျော် ဖမ်းဆီးရမိ
Published 27 January 2018

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ကျူးလွန်သူများကို တွေ့ရစဉ်

မောင်တောမြို့အနီး  မောင်နီ (အလယ်ရွာ ) ရှိ  ဘင်္ဂါလီနေအိမ်တစ်လုံးမှ ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော်ရှိ စိတ်ကြွ ဆေးပြား ၁၂ သိန်းခွဲကျော်ကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သတင်းအရ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်း ဦးစီးသည့် လုံခြုံရေးရဲတပ်ဖွဲ့သည် သက်သေများနှင့်အတူ  မောင်တောမြို့အနီး မောင်နီ (အလယ်) ရွာ နေ ဟာဆောင်း (၄၀ နှစ်)၊ (ဘ)  နူရ်ဘော်ရှော့  နေအိမ်အားသတင်းအရ ဝင်ရောက်ရှာဖွေရာ ဟာဆောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး  နေအိမ်ခြံဝင်းအတွင်း တွေ့ရှိရသူ ဒေါ်ရာဘီယာခါတူ (၅၀ နှစ်) (ဘ) နူရူဇာမာ နှင့်မာမတ်အီနူစ် (၂၂ နှစ်) (ဘ) ရှာကေးအာမတ် တို့ နှစ်ဦးကိုတွေ့ရှိရပြီး နေအိမ်ခြံဝင်းအတွင်း မြေသားများတင်၍ ရပ်ထားသော ထော်လာဂျီအား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ မြေသားများဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် ခုနစ်အိတ်တွေ့ရှိပြီး ဖွင့်ဖောက် စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားခန့်မှန်း ၁၂၅၀၀၀၀  ကျော် တွေ့ရှိ သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်စိတ်ကြွ ဆေးပြားများမှာ ကာလတန်ဖိုး သိန်းပေါင်းနှစ်သောင်းငါးထောင်ကျော် ရှိကြောင်းနှင့် အမှုနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent