Yangon Bus Report မှ ထုတ်ပြန်သည့် တိုင်ကြားခံရသည့် စာရင်းတွင် YBS ၁၆ နှင့် ၂၁ ယာဉ်လိုင်းတို့ ထိပ်ဆုံးမှ ပါဝင်

Yangon Bus Report မှ ထုတ်ပြန်သည့် တိုင်ကြားခံရသည့် စာရင်းတွင် YBS ၁၆ နှင့် ၂၁ ယာဉ်လိုင်းတို့ ထိပ်ဆုံးမှ ပါဝင်
Published 27 January 2018

Yangon Bus Report  က ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သည့် တိုင်ကြားခံမှု အများဆုံးစာရင်းတွင် YBS ၁၆ နှင့်၂၁ ယာဉ်လိုင်းတို့ ထိပ်ဆုံးမှ ပါဝင်ကြောင်း သိရသည်။

အဆိုပါ  Yangon Bus Report ၏ တိုင်ကြားခံရမှုအလိုက် ဖော်ပြထားသည့် စာရင်းတွင် ယာဉ်လိုင်းအမှတ် ၁၆ က အများဆုံးဖြစ်ပြီး ရွှေရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက်က တာဝန်ယူလျက်ရှိကြောင်း သိရသည်။ ယာဉ် လိုင်းအမှတ် ၁၆ အား ခရီးသည်များက တိုင်ကြားရာတွင် အရှိန်မြှင့်မောင်းနှင်ခြင်း၊ ကားဆက်ပြတ်လွန်းခြင်း၊ ခရီးစဉ်အစ အဆုံးမပြေးဆွဲခြင်းတို့ဖြစ်ပြီး တိုင်ကြားမှု  ၃၉ ခုအထိရှိ ပြီး ပြန်ကြားမှုမရှိကြောင်း YBR တွင် ဖော်ပြထားသည်။

Yangon Bus Report၏ စာရင်းတွင် ခရီးသည်များ၏ တိုင်ကြားခံရမှု ဒုတိယအများဆုံးယာဉ်လိုင်းဖြစ်သည့် ၂၁ ယာဉ်လိုင်းအား Power Eleven Public Co.,Ltd  နှင့် ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ပြေးဆွဲလျက်ရှိသည်။ တိုင်ကြားခံရမှုများမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်ခြင်း၊ ခရီးစဉ်အစအဆုံးမပြေးဆွဲခြင်း၊ မချေမငံဆက်ဆံခြင်း စသည်တို့ ပါဝင်ပြီး တိုင်ကြားမှုပေါင်း ၃၄ ခုရှိကာ ပြန်ကြားမှုပေါင်း ၁၀ ခုပြုလုပ်ထားကြောင်း သိရသည်။

Most Read

Most Recent