<

အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအကြီးအကဲများ၏ သီးသန့်အစည်းအဝေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအကြီးအကဲများ၏ သီးသန့်အစည်းအဝေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းဖော်ပြချက်အသိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်တွင် ဇန်န၀ါရီ ၂၅ ရက်က ကျင်းပသည့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအကြီးအကဲများ၏ သီးသန့်အစည်းအဝေးသို့  တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေး ဘာသာရပ်ခေါင်းစဉ်နှင့် စပ်လျဉ်းပြီး အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ၊ အိန္ဒိယရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သဘောထားအမြင်နှင့် မြန်မာနိုင်ငံတွင် ရေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းဝေးပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  အာဆီယံအဖွဲ့ဝင်နိုင်ငံမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ပန်းဥယျာဉ်အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါ ရီ ၂၅ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၅၅ မိနစ်တွင် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော် (Rashtrapati Bhvan) ၌ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ Shri Ram Nath Kovind နှင့် ဇနီးတို့မှ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများအား တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

January 26, 2018














Copy Protected by Chetan's WP-Copyprotect.