မြေကွက်ရောင်းချခြင်းအပါအဝင် အခြေပစ္စည်းမှ မြတ်စွန်းငွေများအပေါ် ဝင်ငွေခွန်ပေးဆောင်ထားသည့် အခွန်ထမ်း ၁၀ ဦးစာရင်း ထုတ်ပြန်

မြေကွက်ရောင်းချခြင်းအပါအဝင် အခြေပစ္စည်းမှ မြတ်စွန်းငွေများအပေါ် ဝင်ငွေခွန်ပေးဆောင်ထားသည့် အခွန်ထမ်း ၁၀ ဦးစာရင်း ထုတ်ပြန်
Published 26 January 2018

မြေကွက်ရောင်းချခြင်းအပါအဝင် အခြေပစ္စည်းမှ မြတ်စွန်းငွေများအပေါ် ဝင်ငွေခွန်ပေးဆောင်ထားသည့် အခွန်ထမ်း ၁၀ ဦးစာရင်းကို  ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နှစ်ဟောင်းစည်းကြပ်နှစ်များအတွက် အခြေပစ္စည်းမှ မြတ်စွန်းငွေများအား ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွင်း ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ပေးသွင်းထားသည့် အခွန်ထမ်းများစာရင်း၏ ဝင်ငွေခွန်ကောက်ခံရငွေစာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာရင်းတွင် ကျပ်သန်း ၅၀၀၀ အောက်ပေးသွင်းသူတစ်ဦး၊  ကျပ်သန်း ၉၀၀ အောက်ပေးသွင်းသူတစ်ဦး၊ ကျပ်သန်း ၃၀၀ အောက်ပေးသွင်းသူတစ်ဦး၊ ကျပ်သန်း ၂၀၀ အောက်ပေးသွင်းသူလေးဦး၊ ကျပ်သန်း ၁၀၀ အောက်ပေးသွင်းသူသုံးဦး စုစုပေါင်း ၁၀ ဦး စာရင်းကို ထုတ်ပြန်ထားသည်။

Shwe Ayer Nadi Limited က ကုန်ထုတ်လုပ်ငန်းအမျိုးအစားဖြင့် ကျပ်သန်း ၅၀၀၀ အောက်ပေးသွင်းထားခြင်းဖြစ်ပြီး Soe Electric & Machinery Co..,Ltd က ကုန်သွယ်ရေး လုပ်ငန်းအမျိုးအစားဖြင့် ကျပ်သန်း ၉၀၀ အောက် ပေးဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

Kanbawza Industries Ltd က ကျပ်သန်း ၃၀၀ အောက်ပေးသွင်းထားပြီး ကျပ်သန်း ၂၀၀ အောက်ပေးဆောင်သူများစာရင်းတွင် Nilar Yoma Gems Co.., Ltd ၊ ဒေါ်ခင် စု (ခ) ချင်စုကော်၊ Capital Power Co.,Ltd ၊ ဒေါ်မေရင် (ခ) ဒေါ်သန်းသန်းအေးတို့ပါဝင်ကြောင်း သိရသည်။ ကျပ်သန်း ၁၀၀ အောက် ပေးဆောင်သူများစာရင်းတွင် ဒေါ်အေးစုံ၊ ဦးကျော်စိန်နှင့် ဦးထွန်းစိန်၊ ဒေါ်ခင်သန်းရီ တို့ပါဝင်ပြီး ၎င်းတို့မှာ မြေကွက်ရောင်းချခြင်း၊ မြေအဆောက် အအုံငှားရမ်းခြင်းတို့အတွက် ဝင်ငွေခွန်ပေးဆောင်ခဲ့ခြင်း ဖြစ်သည်။

အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏အခန်းများ၊ ယာဉ်နှင့်လုပ်ငန်းဆိုင်ရာ မçတည်ပစ္စည်းကို ဆိုလိုကြောင်း ယင်းစကားရပ်တွင် အစုရှယ်ယာနှင့် ကတိဝန်ခံချုပ်တို့အပြင် ငွေချေးသက်သေခံလက်မှတ်များ၊ ယင်းတို့ကဲ့သို့သော အလားတူ စာချုပ်စာတမ်းများပါဝင်ကြောင်း ဝင်ငွေခွန် ဥပဒေတွင် ဖော်ပြထားသည်။

Most Read

Most Recent