ဒေါ်စုနှင့် ပါတီမှလျှို့ဝှက်ချက်များ Facebook Page တွင် ပြည်သူ့လွှတ်တော်ရုံး၏ ဧည့်ခံကျွေးမွေးစရိတ်များကို တစ်ရက်လျှင် ကျပ်သိန်း ၇၀ ကျော်ဖိုး သုံးစွဲနေသည့်သဘော ပြည်သူများအထင်အမြင်လွဲမှားစေရန် ရေးသားဖော်ပြထားကြောင်း ပြည်သူ့လွှတ်တော် ထုတ်ပြန်

ဒေါ်စုနှင့် ပါတီမှလျှို့ဝှက်ချက်များ Facebook Page တွင် ပြည်သူ့လွှတ်တော်ရုံး၏ ဧည့်ခံကျွေးမွေးစရိတ်များကို တစ်ရက်လျှင် ကျပ်သိန်း ၇၀ ကျော်ဖိုး သုံးစွဲနေသည့်သဘော ပြည်သူများအထင်အမြင်လွဲမှားစေရန် ရေးသားဖော်ပြထားကြောင်း ပြည်သူ့လွှတ်တော် ထုတ်ပြန်
Published 24 January 2018

ဒေါ်စုနှင့်ပါတီမှ လျှို့ဝှက်ချက်များ Facebook Page တွင် ပြည်သူ့လွှတ်တော်ရုံး၏ ဧည့်ခံကျွေးမွေးစရိတ်များအား တစ်ရက်လျှင် ကျပ်သိန်း ၇၀ ကျော်ဖိုးသုံးစွဲနေသည့်သဘော ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရေးသားဖော်ပြထားကြောင်း ပြည်သူ့လွှတ်တော်က ဇန်နဝါရီ ၂၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူ့လွှတ်တော်ရုံး၏ ဧည့်ခံကျွေးမွေးစရိတ် ခေါင်းစဉ်အောက်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အစည်းအဝေးကာလစားစရိတ်များ၊ အစည်းအဝေးရပ်နားထားစဉ်ကာလ ကော်မတီဝင် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ရေးရာ ကိစ္စရပ်များဆောင်ရွက်ရပါက စားစရိတ်များ၊ ကော်မရှင်အဖွဲ့ဝင်များ၏ စားစရိတ်များ၊ ကော်မတီအစည်းအဝေး ကျွေးမွေးစရိတ်များ၊ ပြည်ပမှလာရောက်ကြသည့် ဧည့်သည်များ၏ ဧည့်ခံကျွေးမွေးစရိတ်များ စသည်တို့ပါဝင်ကြောင်းပါရှိသည်။

ထို့ပြင် ယင်း Facebook Page တွင် ရေးသားဖော်ပြထားခြင်းများသည် နိုင်ငံရေးအရ ဝေဖန်ထိုးနှက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူ့လွှတ်တော်အနေဖြင့် ခြောက်လစာဘတ်ဂျက်ကို ဌာနတွင်း စိစစ်ရေးအဖွဲ့ဖြင့် ပဏာမစစ်ဆေးပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ တင်ရကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစီးစိစစ်အတည်ပြုချက်ရရှိ၍ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြအတည်ပြုပြီးမှ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ လွှတ်တော်ရောက်ရှိပြီး စိစစ်ရေးအဖွဲ့ ၁၇ ဖွဲ့မှစိစစ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ပြည်သူ့လွှတ်တော်ရုံးဘတ်ဂျက်ကို အဖွဲ့အမှတ် ၁၆ မှ ရေးရာဆောင် I-4 တွင်စိစစ်လျက်ရှိပြီး Facebook တင်သူနှင့် မရှင်းလင်းသူများ၊ စိတ်ဝင်စားသူပြည်သူများက အဖွဲ့အမှတ် ၁၆၊ ရေးရာဆောင် I-4 တွင် လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြည်သူ့လွှတ်တော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent