ဇူလိုင်လအတွင်း ကျပ်သိန်း ၁၂၆၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားခံ ၃၆ ဦး ဖမ်းဆီးအရေးယူ

ဇူလိုင်လအတွင်း ကျပ်သိန်း ၁၂၆၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားခံ ၃၆ ဦး ဖမ်းဆီးအရေးယူ
Published 11 August 2017

ယခုနှစ် ဇူလိုင်လအတွင်း ကျပ်သိန်း ၁၂၆၀ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် တရားခံ ၃၆ ဦးအား ဖမ်းဆီး အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

စိတ်ကြွရူးသွပ်ဆေးပြား ၂၄ မှု၊ ၂၂၆၀၄ ပြား၊ တန်ဖိုးကျပ် ၈၁၇၈၀၀၀၀၊ ဘိန်းဖြူ လေးမှု၊ ၀ ဒသမ ၀၀၁၃၅ ကီလို၊ တန်ဖိုးကျပ် ၁၃၅၀၀၀၊ ဘိန်းစိမ်း တစ်မှု ၂၉ ဒသမ ၄၅ ကီလို၊ တန်ဖိုး ကျပ် ၄၄၁၇၅၀၀၀ ရှိကြောင်း သိရသည်။

ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးမှုဖြင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိမှုမှာ တာဝန်ရှိသူများ သည် ဇူလိုင် ၁၆ ရက် ည ၇နာရီက မူးယစ်သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ကျန်စစ်သားလမ်း နှင့် ၅၆ လမ်း ထောင့်တွင် မကြည်ကြည်ညွန့် ၃၇ နှစ်၊ ဈေးရောင်းသူအား ရှာဖွေစစ်ဆေးရာ ယာလက်အတွင်း ကိုင်ထားသည့် လက်ဆွဲကြွပ်ကြွပ်အိတ်အတွင်း အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် ၈၈/၁ စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ငါးထုပ်၊ စုစုပေါင်းဆေးပြား ၁၀၀၀ ပြား၊ အလေးချိန် ၁၀၀ ဂရမ်ကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ပြီး ၁၀၅ မိုင် ဂိတ်အနီး နေထိုင်သူဟု သိရသူ အမျိုးသားတစ်ဦးထံမှ ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent