ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စု လက်ပံကျေးရွာရှိ ဆွမ်းလောင်းဇရပ်၌ ၁၅ ရက်သားခန့် ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်မှုဖြစ်ပွား

ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စု လက်ပံကျေးရွာရှိ ဆွမ်းလောင်းဇရပ်၌ ၁၅ ရက်သားခန့် ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်မှုဖြစ်ပွား
Published 21 January 2018

မွန်ပြည်နယ် ပေါင်မြို့နယ် ကျခတ်ငူ ကျေးရွာအုပ်စု လက်ပံကျေးရွာရှိ ဆွမ်းလောင်းဇရပ်၌ ဇန်နဝါရီ ၁၉ ရက် နံနက် ၃ နာရီခန့်က ၁၅ ရက်သားခန့် ကလေးငယ်တစ်ဦးလာ ရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ကျခတ်ငူကျေးရွာ လက်ပံကျေးရွာနေ ဦးပန်းစိန်၏ နေအိမ်အရှေ့ရှိ ဆွမ်းလောင်းဇရပ်၌ ဇန်နဝါရီ ၁၉ ရက် နံနက် ၃ နာရီခန့်က ကလေးငိုသံကြားရသဖြင့် ဦးပန်းစိန်က ဆွမ်းလောင်းဇရပ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ အသက် ၁၅ ရက် ခန့် မိန်းကလေးငယ်တစ်ဦးအား ဆွမ်းလောင်းဇရပ်ပေါ်၌ စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့နောက် ဦးပန်းစိန်က ကျခတ်ငူကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်မိုးထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျခတ်ငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် ကျေးရွာမိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအမျိုးသမီးရေးရာ အဖွဲ့ဝင်များက ကလေးငယ်အား လာရောက်ကြည့်ရှုကြပြီးနောက် ကလေးငယ်အား ကျခတ်ငူကျေးရွာအုပ်စု ကျေးရွာကျန်းမာရေးဌာန လက်ထောက် သားဖွားဆရာမ ဒေါ်ဇင်သူထွန်းက ကလေးငယ်အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကာ ပြုစုစောင့်ရှောက်ထားကြောင်း သိရသည်။

Most Read

Most Recent