"Journey to the North-West” Rally Sagaing ကားမောင်းပွဲ ဖွင့်ပွဲအခမ်းအနား စစ်ကိုင်းမြို့တွင်ပြုလုပ်

"Journey to the North-West” Rally Sagaing ကားမောင်းပွဲ ဖွင့်ပွဲအခမ်းအနား စစ်ကိုင်းမြို့တွင်ပြုလုပ်
Published 20 January 2018

"Journey to the North-West'' Rally Sagaing/MHTTR 2018 ကားမောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် (ယနေ့) နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေးအသင်းတို့မှ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ရေဦး၊ မုံရွာ ၆ ရက်ကြာ ကားမောင်းခရီးစဉ်ကို ပူးပေါင်းပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကားမောင်းပွဲဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ၊ဟိုတယ်နှင့်ခရီးသွားလာရေး ဒုတိယညွှန်ကြားရေးမှုးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရပြီး စစ်ကိုင်းမြို့ ဒေသထွက် ရိုးရာလက်မှုပစ္စည်းများခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။

"စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့လူမှှု စီးပွားဘဝဖွံဖြိုးတိုးတက်လာဖို့Tourism က အင်မတန်အရေးကြီးပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ Tourismကို စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ကသာ၊ ကလေး၊ ခန္တီးဆိုပြီး ဇုန်ခြောက်ဇုန်ပြုလုပ်ထားပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ယဉ်ကျေးမှှု အမွေအနှစ်၊တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်ကိုပြည်တွင်းပြည်ပ ခရီးသွားတွေလေ့လာနိုင်ဖို့ ခုလိုခရီးသွားကားမောင်းပွဲကို ပြုလုပ်ရခြင်းဖြစ်တယ်။၂၀၁၉ ခုနှစ်မှာလည်း Visit Sagaing Year ပြုလုပ်ဖို့လည်းစီစဉ်ထားပါတယ်''ဟု စစ်ကိုင်းတိုင်းဒေကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

အဆိုပါကားမောင်းပွဲကိုဇန်နဝါရီ ၂၀ တွင် စစ်ကိုင်းမြို့ကနေစတင်ထွက်ခွါပြီး စစ်ကိုင်း၊ရွှေဘို၊ ကျောက်မြောင်း၊ ကန့်ဘလူ၊ ဇီးကုန်း၊ရေဦး၊ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊မုံရွာ မြို့နယ်များရှိ ပျူယဉ်ကျေးမှု၊ လင်းနို့ဂူ၊ မာန်လည်ကျောင်း၊ ဇလုံတောင်၊ နက်ပေါက်ဆင်စခန်း၊ ကဒူး၊ကနန်းဒေသ၊ သဘာဝ ထိန်းသိမ်းသစ်တောများ၊အမျိုးသားဥယျာဉ်များ၊ ချပ်သင်းဘေးမဲ့တော၊ သဖန်းဆိပ်ဆည်၊ ဂျော့အိုဝဲလ်အိမ်စသည့်နေရာများသို့ ခရီးသွားကား ၁၇ စီး ဖြင့် မောင်းနှင်းသွားလာပြီးနောက် ဇန်နဝါရီ ၂၆ တွင် မုံရွာမြို့အရောက် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent