ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အတည်မပြုသင့်ကြောင်း ဆွေးနွေးသော်လည်း မဲခွဲဆုံးဖြတ်ကာ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်အတိုင်း အတည်ပြု

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အတည်မပြုသင့်ကြောင်း ဆွေးနွေးသော်လည်း မဲခွဲဆုံးဖြတ်ကာ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်အတိုင်း အတည်ပြု
Published 20 January 2018

ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အတည်မပြုသင့်ကြောင်း ဆွေးနွေးသော်လည်း မဲခွဲဆုံးဖြတ်ကာ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်အတိုင်း ဇန်နဝါရီ ၁၉ ရက်က အတည်ပြုခဲ့သည်။ အဆိုပါဥပဒေကြမ်းအား နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာခဲ့ခြင်းဖြစ်ပြီး သမ္မတ၏သဘောထားမှတ်ချက်ရှစ်ချက်အနက် နှစ်ချက်ကိုသာ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။
နိုင်ငံတော်သမ္မတက ဥပဒေကြမ်း၏ အပိုဒ် ၂ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၅ ပါ “နိုင်ငံတော်၏ အရအသုံးစာရင်းများ”ဆိုသည့်စကားရပ်နောက်တွင် “နှင့် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ”ဆိုသည့်စကားရပ်ကို ဖြည့်စွက်ထား ကြောင်း တွေ့ရှိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၂၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ခန့်အပ်တာဝန်ပေးအပ်ခြင်းသည်”နိုင်ငံတော်၏ အရအသုံး စာရင်းများကိုစစ်ဆေး၍ ပြည်ထောင်စု လွှတ်တော်သို့တင်ပြရန်”ဖြစ်သဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၁၇)၊ အပိုဒ် ၂ ပါ ဖော်ပြချက်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့် သက်ဆိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၂၊ ပုဒ် မခွဲ(က)ပါ “နိုင်ငံတော်၏ အရအသုံးစာရင်းများ”ဆိုသည့်စကားရပ်အပြင်”နှင့် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ”ဆိုသည့်စကားရပ်ကို ဖြည့်စွက်ဖော်ပြရန် သင့် မသင့် သဘောထား မှတ်ချက်ပြုခဲ့သည်။

အဆိုပါအပိုဒ်အား တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသန့်ဆွေက ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၅ ပါ “နိုင်ငံတော်၏ အရအသုံးစာရင်းများ”ဆိုသည့်စကားရပ်နောက်တွင် “နှင့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ”ဆို သည့်စကားရပ်ကို ဖြည့်စွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားခြင်းအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ခန့်ထားသည့် စာရင်းစစ်များသည် Auditor များသာဖြစ်ပြီး စာရင်းစစ်ဆေးရသူများသာဖြစ်ကြောင်း၊ Autidor Manual များ နှင့်အညီ စစ်ဆေးရန်သာဖြစ်ပြီး လုပ်ငန်းအ ကောင်အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေးရန် မသင့်လျော်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေးရန် သက်ဆိုင်ရာကျွမ်းကျင်သူများနှင့်သာ သင့်လျော်ကြောင်း၊ ထိုသို့ထပ်ဖြည့်ခြင်းအား ထပ်မံဖြည့်စွက်ရန်မသင့်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း အတည်ပြုသင့်ကြောင်း ဆွေးနွေးသည်။

ဥပဒေကြမ်း၏အပိုဒ် ၃ တွင် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန်များတွင် နိုင်ငံပိုင်ပစ္စည်း၊ သမဝါယမပိုင်ပစ္စည်းနှင့်အများပိုင်ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျထိန်းသိမ်းစောင့်ရှောက် မှုနှင့် ထိရောက်စွာအသုံးပြုမှုရှိ မရှိ စစ်ဆေးခြင်းဟု အတည်ပြုထားချက်ကို နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ်သင့်သည်ဟု သဘောထားမှတ်ချက်ပြုခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖွဲ့စည်း ပုံအခြေခံဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်ဟု ပါရှိသည့်အတွက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ထားရှိသင့်ကြောင်း ဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ကာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက “ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံဖို့ဆိုတာကို သဘောတူပါတယ်။ ဘာကြောင့်လည်းဆိုတော့ လီမာ ကြေညာစာတမ်းပါ။ နိုင်ငံတကာမှာ ပြုလုပ်တဲ့အခါမှာ Performance Audit ဆိုတာ လည်း ပဲ ပါပါတယ်။ နောက်ပြီးတော့လည်းပဲ နိုင်ငံတော်ဘဏ္ဍာငွေအရအသုံးကို စိစစ်နိုင်ဖို့ ရာအတွက် ပြည့်စုံမှာဖြစ်တဲ့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်အတည်ပြုတဲ့အတိုင်း လက်ခံဖို့ သဘောတူပါတယ်”ဟု သဘော ထားမှတ်ချက်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၁၁ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လုပ်ငန်းတာဝန်များအနေဖြင့် ဥပဒေအရ စစ်ဆေးခံရမည့်အဖွဲ့အစည်းများ၊ လုပ်ငန်းခွင်များ၊ စက်ရုံများ စသည်တို့၏ ဥပစာများ၊ အဆောက်အအုံအတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်း၊ ဥပဒေအရ စစ်ဆေးခံရမည့်အဖွဲ့အစည်းများ၊ ရုံးများ၊ လုပ်ငန်းခွင်များ၊ စက်ရုံများတွင်ရှိသော စီမံကိန်းများ၊ စီမံချက်များ၊ လုပ်ကိုင်ပုံနည်းစနစ်များ၊ စာချုပ်စာတမ်းများ၊ လူစာရင်းများ၊ ငွေ စာရင်းများ၊ ပစ္စည်းစာရင်းများ၊ အစီရင်ခံစာများ၊ စာရင်းစာအုပ်များ၊ ပြေစာများနှင့်အခြား အထောက်အထားစာရွက်စာတမ်းများကို တောင်းခံစစ်ဆေးခြင်း၊ စစ်ဆေးချက်များနှင့် ပတ်သက်ပြီး တွေ့ရှိသည့် သက်သေခံပစ္စည်းများ၊ စာရွက်စာတမ်းများ၊ အသံဖိုင်များ၊ အီလက်ထရွန်နစ်ဆိုင်ရာမှတ်တမ်းများကို သက်သေခံအဖြစ်ထိန်းသိမ်းခြင်း၊ စစ်ဆေးရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း၊ ထွက်ဆိုချက်များရယူခြင်း၊ စစ်ဆေးရေးအတွက် လိုအပ်ပါက ကျွမ်းကျင်သူဝန်ထမ်းများ၏ အကူအညီကို လုပ်ငန်းအလိုက် ဖြစ်စေ၊ ကာလအပိုင်းအခြားအားဖြင့်ဖြစ်စေ သက်ဆိုင်ရာအဖွဲ့အစည်း၏ သဘောတူခွင့် ပြုချက်ဖြင့်ရယူခြင်းဟု ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုထားချက်အား နိုင်ငံတော်သမ္မတက ပြန်လည်သုံးသပ်သင့်ကြောင်း သဘောထားမှတ်ချက်ပြုခဲ့ကာ တပ်မတော်သားကိုယ်စားလှယ်ကလည်း နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဖြစ်သင့်သည်ဟု ဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ကာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုခဲ့သည်။

Most Read

Most Recent