မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေမူကြမ်း ပြဋ္ဌာန်းပြီးက ပထမဆုံး ဒေသခံပူးပေါင်းစီမံခန့်ခွဲမှုရေပြင်ပါဝင်သည့် ဥပဒေဖြစ်လာမည်ဟု ဆို

မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေမူကြမ်း ပြဋ္ဌာန်းပြီးက ပထမဆုံး ဒေသခံပူးပေါင်းစီမံခန့်ခွဲမှုရေပြင်ပါဝင်သည့် ဥပဒေဖြစ်လာမည်ဟု ဆို
Published 20 January 2018

မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေမူကြမ်းကို မတ်လတွင် ကျင်းပမည့် ပြည်နယ်လွှတ်တာ်တွင် ပြဋ္ဌာန်းပြီးက မြန်မာနိုင်ငံတွင် ပထမဆုံး ဒေသခံပြည်သူ ပူးပေါင်းစီမံခန့်ခွဲမှုရေပြင်ပါဝင်သည့် ဥပဒေဖြစ်လာမည်ဟု မွန်ပြည်နယ်လွှတ်တော် ဥပဒေရေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“ဒီကနေ့ ဟိုဖက်အစိုးရက ပြဋ္ဌာန်းခဲ့တဲ့ ငါးလုပ်ငန်းဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြည်သူ့အသံကြားနာတဲ့ပွဲမှာ ငါးလုပ်ငန်းဖွဲ့ဖြိုးမှုအတွက် အစုဖွဲ့ဆွေးနွေးကြမယ်။ ပြီးရင် လွှတ်တော်မှာ ကြားနာမယ်။ မတ်လမှာ လုပ်မယ့် ပြည်နယ်လွှတ်တော်မှာ တင်ပြအတည်ပြုပြီးရင် မြန်မာနိုင်ငံမှာ ပဲခူး၊ ရခိုင်၊ တနင်္သာရီ မရှိသေးတဲ့ ပထမဆုံး (ဒေသခံပြည်သူပူးပေါင်းစီမံခန့်ခွဲတဲ့မှုရေပြင်) ပါဝင်တဲ့ဥပဒေဖြစ်လာမယ်။ ဒေသခံပူးပေါင်း ပါဝင်စီမံခန့်ခွဲတဲ့ ရေပြင်လုပ်ငန်းကို လွန်ခဲ့တဲ့ နှစ်နှစ်က သထုံမြို့နယ် ငါးရှားနေတဲ့ အောင်ကန်သာရွာမှာ စခဲ့တယ်။ ပူးပေါင်းစီမံခန့်ခွဲမှုနဲ့ ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဖူး၊ တစ်လက်မအောက်ပိုက်ကွက်တွေနဲ့ ငါးမဖမ်းဘူး။ တွေ့ရင် ငါးလုပ်ငန်းဌာနနဲ့ ပူးပေါင်းအရေးယူတာမျိုး လုပ်လာနိုင်တဲ့အတွက် အခုဆိုရင် ငါးတွေပွက်လာတဲ့အထိ တိုးပွားလာတာကို တွေ့နေရပါပြီ”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

မွန်ပြည်နယ်အချို့နေရာများတွင် ငါးသယံဇာတထိန်းသိမ်း၊ ကာကွယ်မှုတွက် လက်တွေ့ပါဝင်ထုတ်လုပ်သူများ ပါဝင်မှုလိုသည်။ ပါဝင်မှုရှိမှသာ အကောင်ထည်ဖော်အောင်မြင်မှုရမည်ကို သိလာကြသည့်အတွက် ဌာနဝန်ထမ်းများသည် ဒေသခံရေ လုပ်သားများ ပူးပေါင်းလုပ်ဆောင်အောင် မြင်မှုအနေနှင့် သထုံမြို့နယ် အောင်ကန်သာရွာက သက်သေခံနေကြောင်း၊ အခြားတိုင်းပြည်နယ်တို့တွင် On Paper အဆင့်တွင်သာရှိသည့် ဒေသခံပူးပေါင်း စီမံခန့်ခွဲမှုရေပြင်အား မွန်ပြည်နယ်တွင် ပထမဆုံးဒေသခံပူး ပေါင်းစီမံခန့်ခွဲမှုရေပြင်အဖြစ် ဥပဒေနှင့်အညီ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ ဦးသန်ချောင်း (ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး-မွန် ပြည်နယ်) က အဖွဲ့အစည်းအစုဖွဲ့လိုက်တင်ပြမှုကို သုံးသပ်ရာတွင် ထည့်သွင်းပြောကြားသည်။

Most Read

Most Recent