မြိတ်မြို့တွင် ဘောလုံးကွင်း မြေညှိနေသည့် ဘက်ဟိုးပေါ်သို့ တက်ကစားသည့် ဒုတိယတန်း ကျောင်းသားတစ်ဦး ဘက်ဟိုးညပ်မိပြီး သေဆုံး

မြိတ်မြို့တွင် ဘောလုံးကွင်း မြေညှိနေသည့် ဘက်ဟိုးပေါ်သို့ တက်ကစားသည့် ဒုတိယတန်း ကျောင်းသားတစ်ဦး ဘက်ဟိုးညပ်မိပြီး သေဆုံး
Published 20 January 2018

မြိတ်မြို့တွင် ဘောလုံးကွင်း မြေညှိနေသည့် ဘက်ဟိုးကားပေါ်သို့ တက်ဆော့သည့်  အသက်ကိုးနှစ်အရွယ် ဒုတိယတန်း ကျောင်းသားလေး တစ်ဦးမှာ ဘက်ဟိုးညှပ်မိကာ သေဆုံးခဲ့ရကြောင်း သိရသည်။

မြိတ်မြို့ ရေပုန်းနယ်မြေ အောင်ချမ်းသာရပ်ကွက် ဘောလုံးကွင်းအသစ် ပြုလုပ်ရာ လုပ်ငန်းခွင်တွင် မြေညှိခြင်း ဆောင်ရွက်နေသည့် CATERPILLAR အမျိုးအစား အဝါရောင်ဘက်ဟိုး ကားပေါ်သို့ ပိုင်ပိုင် (ခ) ယူလာပိုင် ကိုးနှစ် (ဘ) ဦးမျိုးအောင်၊ ဒုတိယတန်း (အလကခွဲ)ဘုံပျံ၊ အောင်ချမ်းသာရပ်ကွက်၊ မြိတ်မြို့နေသူမှာ တက်ရောက် ဆော့ကစားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် အချိန်တွင် ဘက်ဟိုးမှာ လုပ်ငန်းခွင်အတွင်း မောင်းနှင်နေခြင်းဖြစ်ပြီး ဘက်ဟိုးအနောက်ဘက် ဝဲဘက်ချိန်းဘီးပေါ်သို့ တက်ရောက် ဆော့ကစားလာသည်ကို ယာဉ်မောင်းက သတိမပြုမိဘဲ ကလေးငယ်မှာ ချိန်းဘီးနှင့်အတူ ပါသွားခဲ့ကာ ကိုယ်ထည်ကြား ညပ်နေခဲ့ကြောင်း သိရသည်။ ကလေးငယ်မှာ ဘက်ဟိုးကြား ညပ်ပါသွားသဖြင့် ဝဲဒူးကျိုးပေါက်ပြဲဒဏ်ရာ၊ ယာပခုံးပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်ညှိမည်းဒဏ်ရာ၊ ခါးညိုမည်းဒဏ်ရာ၊ ပါးစပ်နှင့် နားများမှ သွေးထွက်ဒဏ်ရာများ ရရှိပြီးနေရာတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းက ဘက်ဟိုးယာဉ်မောင်း လှမင်းထက် (၂၀ နှစ်) ဆိုသူကို ယာဉ်အား မဆင်မခြင် မောင်းနှင်သည်ဟုဆိုကာ ယာဉ်(ပ) ၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent