ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ်များ ထွက်ပေါ်ခဲ့ပြီး မန်ယူအသင်း ရော့စတော့ဗ်နှင့် ဆုံတွေ့

Photo:AFP

ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်း အဆင့်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ရာ ဗိုလ်စွဲရန် ရေပန်းစားနေသည့် မန်ယူအသင်းမှာ ရုရှားကလပ် ရော့စတော့ဗ်နှင့် ဆုံတွေ့နေကြောင်းသိရသည်။

မန်ယူအသင်းသည် ရှုံးထွက်(၃၂) သင်း အဆင့်တွင် စိန့်အက်တီယန်ကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့သလို၊ ရော့စတော့ဗ် အသင်းမှာလည်း စပါတာပရက်ပ်ကို ကျော်ဖြတ်ကာ ရှုံးထွက်(၁၆)သင်း အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အခြားပွဲစဉ်များတွင် ဘွန်ဒစ်လီဂါ နှစ်သင်းဖြစ်သည့် ရှော်လ်ကေးနှင့် မိုချန်ဂလာဘတ်တို့ ထိပ်တိုက်တွေ့နေပြီး ဘယ်လ်ဂျီယံ ထိပ်သီးနှစ်သင်းဖြစ်သည့် KAA ဂျန့် နှင့် KRC ဂျန့်တို့ ဆုံတွေ့လျက်ရှိသည်။

ထို့ပြင် လိုင်ယွန်အသင်းမှာ ရိုးမားနှင့် လည်းကောင်း၊ ဆယ်လ်တာဗီဂိုအသင်းနှင့် ခရက်စ်နိုဒါတို့ ဆုံတွေ့နေကြောင်း သိရသည်။

► ယူရိုပါလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်များ

■ ဆယ်လ်တာဗီဂို(စပိန်) - ခရက်စ်နိုဒါ(ရုရှား)

■ APOEL (ဆိုက်ပရက်စ်) - အန်ဒါလက်ခ်ျ(ဘယ်လ်ဂျီယံ)

■ ရှော်လ်ကေး(ဂျာမနီ)-မိုချန်ဂလာဘတ်(ဂျာမနီ)

■ လိုင်ယွန်(ပြင်သစ်) - ရိုးမား (အီတလီ)

■ ရော့စတော့ဗ်(ရုရှား)- မန်ယူ(အင်္ဂလန်)

■ အိုလံပီယာကော့စ်(ဂရိ) - ဘက်ဆစ်တက်(တူရကီ)

■ KAA ဂျန့် (ဘယ်လ်ဂျီယံ) - KRC ဂျန့်(ဘယ်လ်ဂျီယံ)

■ ကိုပင်ဟေဂင်(ဒိန်းမတ်) - အေဂျက်စ်(နယ်သာလန်)

(ပထမအကျော့ကို မတ်လ ၉ ရက်တွင် လည်းကောင်း ဒုတိယအကျော့ကို မတ်လ ၁၆ ရက်တွင်လည်းကောင်း ယှဉ်ပြိုင်သွားမည်)