မောင်တောမြို့နယ်၌ လက်လုပ်သေနတ်များ သိမ်းဆည်းရမိ

မောင်တောမြို့နယ်၌ လက်လုပ်သေနတ်များ သိမ်းဆည်းရမိ
Published 15 January 2018

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သက်ကယ်ပြင် (အရှေ့) ကျေးရွာအနီး၌ ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီခွဲက လက်လုပ်သေနတ်များ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ၎င်း၏ကျေးရွာသားသုံးဦးတို့သည် သက်ကယ်ပြင် (အရှေ့) ကျေးရွာ ဗလီအနီး ရေကန်အတွင်း၌ ငါးရှာစဉ် လုပ်သေနတ်များတွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း အဖွဲ့သည် အဆိုပါကျေးရွာအနီး ပတ်ဝန်းကျင်အား သွားရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဗလီအနီး ရေကန်အတွင်းမှ ဗုံးပစ်လောင်ချာပုံစံ လုပ်သေနတ် ၁၇ လက်၊ စိန်ပြောင်း (နှစ်ချောင်းထောက်ပုံစံ) လုပ်သေနတ်တစ်လက်၊ လက်နက်ငယ်လုပ်သေနတ် ၁၄ လက် စုစုပေါင်း လုပ်သေနတ် ၃၂ လက်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent