မိခင်ဖြစ်သူမရှိချိန် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်သားမယား ပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်

မိခင်ဖြစ်သူမရှိချိန် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်သားမယား ပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူအား ထောင်ဒဏ် နှစ် ၂၀ ချမှတ်
Published 15 January 2018

မိခင်ဖြစ်သူမရှိချိန် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်သားမယား ပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူအား ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အရှေ့ပိုင်းခရိုင်တရားရုံး၌ အမိန့်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုသို့ အမိန့်ချမှတ်ရာတွင် အသက် ၁၄ နှစ်မိန်းကလေးကို ခြိမ်းခြောက်သားမယား ပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူ ခင်ဇော် (၃၈)နှစ်အား အမှုနှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် ဇန်နဝါရီ ၁၂ ရက်က အရှေ့ပိုင်းခရိုင် တရားရုံး၌ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၉၂) ရပ်ကွက်နေ တရားလိုဖြစ်သူသည် နေအိမ်တွင် ရှိနေစဉ် တူမဖြစ်သူ၏ သမီးဖြစ်သူ မ .... (၁၄) နှစ် ရောက်ရှိလာပြီး မိခင်မရှိချိန်တွင် ပထွေးဖြစ်သူ ခင်ဇော် (၃၈) နှစ်က သားမယားပြုကျင့်ခဲ့ကြောင်းကို လာရောက် ပြောပြခဲ့ကြောင်း သိရသည်။

ပထွေးဖြစ်သူ ခင်ဇော် (၃၈) နှစ်သည် မ .... (၁၄) နှစ်၏ မိခင်မရှိချိန်တွင် အခွင့်ကောင်းယူပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း မ . . . (၁၄) နှစ်က လာရောက် ပြောပြသိရှိရသဖြင့် မ .... (၁၄) နှစ်ကို အလိုမတူဘဲ ခြိမ်းခြောက်သားမယား ပြုကျင့်ခဲ့သည့် ခင်ဇော် (၃၈) နှစ်အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ်မှ ကျူးလွန်သူ ခင်ဇော် (၃၈) နှစ်အား ဒဂုံမြို့သစ် (ဆိမ်ကမ်း) မြို့မရဲစခန်းတွင် (ပ) ၁၆၉၉/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent