၂၀၁၈ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို နန်းယွန်းမြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ တက်ရောက်

၂၀၁၈ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို နန်းယွန်းမြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ တက်ရောက်
Published 14 January 2018
၂၀၁၈ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို နန်းယွန်းမြို့၊ နာဂရိုးရာကွင်း မုဒ်ဦးရှေ့တွင် ဇန်နဝါရီလ ၁၄ ရက် မနက်ပိုင်းက ကျင်းပခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ပွဲတော်သို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးကေဆိုင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် နာဂဒေသရှိ နာဂတိုင်းရင်းသားများ တက်ရောက်ခဲ့ပါသည်။
 
မုဒ်ဦးကို ဖဲကြိုဖြတ် ဖွင့်လှစ်ခဲ့ပြီး ရိုးရာတိုင်များ စိုက်ထူခြင်း၊ ပန်တုံးတီးခြင်းနှင့် ရိုးရာပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြသည်ဟု သိရှိရပါသည်။ “ရိုးရာအကအဖွဲ့တွေကတော့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကနေကြဆဲ။ မနက်ဖြန်တော့ နာဂရိုးရာနှစ်သစ်ကူးနေ့ပေါ့။ နာဂရိုးရာအိမ်ကိုလည်း ပြထားတော့ နိုင်ငံခြားသားဧည့်သည်တွေ တော်တော်များများ စိတ်ဝင်စားကြပါတယ်” ဟု အဆိုပါ ပွဲတော်သို့ရောက်ရှိနေသူ ကိုသိန်းသန်းထွန်းမှ ပြောကြားခဲ့ပါသည်။

Most Recent