ABSDF မှ ဦးဆောင်ပြီး ပုသိမ်မြို့တွင်ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံတတိယအစည်းအဝေး အကြိုလူထုဆွေးနွေးပွဲကို သက်ဆိုင်ရာကတားမြစ်သောကြောင့် ပွဲဖျက်ခဲ့ရ

ABSDF မှ ဦးဆောင်ပြီး ပုသိမ်မြို့တွင်ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံတတိယအစည်းအဝေး အကြိုလူထုဆွေးနွေးပွဲကို သက်ဆိုင်ရာကတားမြစ်သောကြောင့် ပွဲဖျက်ခဲ့ရ
Published 14 January 2018

အကြိုလူထုဆွေးနွေးပွဲ တားမြစ်ခံရခြင်းကို ABSDF တာဝန်ရှိသူက ရှင်းပြနေစဉ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ဦးဆောင်ပြီး ပုသိမ်မြို့ Swan ဟိုတယ်တွင် ဇန် နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်တိုင်တိုင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအကြို လူထုဆွေးနွေးပွဲကို သက်ဆိုင်ရာက တားမြစ်သောကြောင့်ပွဲအား ဖျက်သိမ်းပေးခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲအတွက် ABSDF က ပုသိမ်မြို့ရှိ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် မသန်စွမ်းအဖွဲ့အစည်းများကိုပါ ဖိတ်ကြားခဲ့ပြီး ပွဲမကျင်းပမီ ဇန်နဝါရီ ၁၂ ရက်ညတွင် ဒေသဆိုင်ရာတာဝန်ရှိ သူများက ပွဲအားကျင်းပခြင်း မပြုရန်လာ ရောက်တားမြစ်ခြင်းကြောင့် ပွဲအားဖျက်သိမ်းပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တားမြစ်ခံရမှုမှာ ပုသိမ်မြို့တစ်မြို့တည်းတွင်သာမက မုံရွာမြို့နှင့် ပဲခူးမြို့များတွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံတတိယအစည်းအဝေး အကြိုလူထုဆွေးနွေးပွဲများတွင်လည်း တားမြစ်ခံခဲ့ရကြောင်း သိရသည်။

ဆွေးနွေးပွဲတားမြစ်ခံရသည့် ကိစ္စနှင့် ပက်သက်၍ ABSDF မှ တာဝန်ရှိသူတစ်ဦးက ပုသိမ်မြို့ နေခြည်လင်း တည်းခိုခန်းအရှေ့တွင် ယခုကဲ့သို့ ရှင်းလင်းပြောကြားသည်။

ဒီကနေ့မှာတော့ ပုသိမ်မှာ ကျင်းပဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ မုံရွာပွဲကတည်းက နေ့လယ်ပိုင်းကတည်းကစပြီးတော့ ကျွန်တော်တို့ကို မကျင်းပဖို့ လာရောက်ပြီးတော့မှ မေတ္တာရပ်ခံတာရှိတယ်။ မနေ့ကလည်း ပဲခူးပွဲမှာ မကျင်းပဖို့ လာရောက်ပြီးတော့ မေတ္တာရပ်ခံတာရှိပြီးတော့ ဒီနေ့ပု သိမ်ပွဲမှာ မကျင်းပခင်ကတည်းက မနေ့က ညပိုင်းကစပြီးတော့မှ ကျင်းပဖို့အတွက်ကို မလုပ်ပါနဲ့ဆိုပြီးတော့ မေတ္တာရပ်ခံတဲ့အတွက်ကြောင့် ဒီနေ့ပွဲကိုတော့ မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဆွေးနွေးပွဲမှာ ဘာလုပ်မလဲဆိုတော့ ဘာကိုတင်ပြမှာလဲဆိုတော့ ဒီကျွန်တော်တို့ အနာဂတ်မြန်မာပြည် တည်ဆောက်ရေးဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ကိစ္စအတွက်ကိုလို အပ်တဲ့တင်ပြမယ့် ၂၁ ရာစုပင်လုံမှာ ငြိမ်းချမ်းရေးညီလာခံမှာ အဆိုပြုမူကြမ်းတွေ အဆိုပြု မူဝါဒတွေကို ကျွန်တော်တို့ လူထုကိုချပြမယ်၊ လူထုကို တင်ပြမယ်။ လူထုဆီကအကြံပြုချက်တွေကို ယူပြီးတော့ စာတမ်းလုပ်ပြီးတင်ပြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိကထားတာကတော့ ပြည်သူလူထု ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပတ်သက်တယ်။ နောက်အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပတ်သက်တာကြောင့်မို့ ကျွန်တော်တို့ဒီဟာကို ပြည်သူလူထုအများ စုပါဝင်နိုင်တဲ့ ပါဝင်နိုင်သလောက် ပါဝင်နိုင်အောင် သူတို့ရဲ့အသံတွေ လူထုရဲ့ အသံတွေကို စုစည်းပြီးတင်ပြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီပွဲတွေကိုလုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ရဲဘော်ဆန်နီက ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှာ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent