မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက် အဆင့်မြှင့်တင် တပ်ဆင်ပေးထားပြီး အချိန်မီ စစ်ကူ၊ ပစ်ကူပေးနိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား

မောင်တောဒေသမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက် အဆင့်မြှင့်တင် တပ်ဆင်ပေးထားပြီး အချိန်မီ စစ်ကူ၊ ပစ်ကူပေးနိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား
Published 13 January 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၁၈ ခုနှစ် ဇန်နဝါရီအစောပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-လူမော်နိုင်)

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသတွင် တာဝန် ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်များ အဆင့်မြှင့်တင် တပ်ဆင်ပေးထားပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည့်အခါ အချိန်မီ စစ်ကူ၊ ပစ်ကူပေးနိုင်ရန် စီမံဆောင် ရွက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ပြောကြားသည်။

ဇန်နဝါရီ ၁၀ ရက်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးဆောင်သည့်သတင်းမီဒီယာသမားများနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် တွေ့ဆုံစဉ် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

'အရင်ကနဲ့ မတူတော့ပါဘူး။ မောင်းပြန်သေနတ်တွေ၊ G3၊ G4 တွေ ဒါတွေကို ကျွန်တော်တို့ တပ်ဆင်ပေးထားပြီးဖြစ်ပါ တယ်။ နောက်ပြီးတော့ ဒီ တကယ်တမ်းဖြစ် လာမယ်၊ ဖြစ်ဖို့လည်း စောစောကဆရာ (ဝန်ကြီးချုပ်) ပြောသလိုပါပဲ ဖြစ်ဖို့တွေလည်း ရှိဦးမှာပါပဲ။ ဖြစ်လာရင်လည်း အချိန်မီ စစ်ကူ၊ ပစ်ကူ ဆောင်ရွက်နိုင်ဖို့အတွက်လည်း စီမံ ဆောင်ရွက်ထားပြီးသားဖြစ်ပါတယ်။ ဒီအ တွက် ကျွန်တော်တို့ စိုးရိမ်စရာ မရှိပါဘူး။ လုပ်မှာတော့ လုပ်ဦးမှာပါပဲ။ ဒါတွေက ကျွန်တော်တို့ မျှော်မှန်းထားပြီးသားဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ပြောကြားသည်။

မီးရှို့မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး စွပ်စွဲ ချက်များသည် အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ချိမှုသာဖြစ်သည့်အပြင် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေသည့်တပ်ဖွဲ့များ ကို အာရုံလွှဲခြင်း နည်းလမ်းတစ်မျိုးလည်း ဖြစ် သည်ဟု ၎င်းက ပြောကြားသည်။

“အကြမ်းဖက်သမားတွေက စခန်း ၃၀ ကို တစ်ကြိမ်တည်း တစ်ပြိုင်တည်း တိုက်တယ်။ သူတို့သည် အကြောက်တရားနဲ့ လွှမ်းမိုးပြီး ခြိမ်းခြောက်တာဖြစ်တဲ့အတွက် တိုက်တဲ့အ ချိန်လည်း တစ်ပြိုင်တည်းပဲ။ သူတို့ခေါ်တဲ့အချိန် မီးရှို့တဲ့အချိန်ဟာလည်း တစ်ပြိုင်တည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ကသာ မီးရှို့မယ်ဆိုရင် ကျွန်တော်တို့ ရွာတစ်ရွာ မှ ကျန်မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆို တော့ လက်ရှိမှာ ဘူးသီးတောင်မှာလည်း ရွာတွေအများကြီးကျန်ပါတယ်။ အိမ်တွေ အများ ကြီးကျန်ပါတယ်။ မောင်တောဘက်လည်း ကျန်ပါတယ်။ လူတွေလည်း နေထိုင်လျက်ရှိပါတယ်။ ဆိုတော့ တကယ်တမ်းပြောရင်တော့ အကြမ်းဖက်သမားများသည် သူတို့ နဂိုက တည်းက စီမံဆောင်ရွက်ထားတာဖြစ်ပြီးတော့ ဖြစ်စဉ်ဖြစ်တိုင်းမှာ ကျွန်တော်တို့ ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ ဖြစ်စဉ်တိုင်းမှာ အိမ်မီးရှို့တဲ့ ဟာသည် သူတို့ရဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ သူ တို့ပဲ ဒီလိုလုပ်သွားပြီးတော့ ပြီးရင် ပြန်ပြီး ဝါဒဖြန့်တာကျတော့ တပ်က မီးရှို့တယ်၊ တိုင်းရင်းသားက မီးရှို့တယ်၊ ရဲက မီးရှို့တယ် ဒီလိုပဲ ဝါဒဖြန့်ပါတယ်။ ဒါသူတို့ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ပြီးတော့ ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ အာရုံပြောင်းလဲသွားစေ ဖို့ သူတို့နောက်ကို ဆက်လက်ပြီးတော့ လိုက်လံတိုက်ခိုက်မှု မပြုစေဖို့အတွက် ဆောင်ရွက်သွားခြင်းပဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးဖုန်းတင့်က ပြောကြားသည်။

တပ်မတော်တပ်ရင်းတပ်ဖွဲ့များကို ချထားပိုင်ခွင့်မရှိသည့် စည်းမျဉ်းအရ စက်တင်ဘာ ၅ ရက်ကတည်းက စစ်ဆင်ရေးဆောင်ရွက်ခြင်းမရှိသည့်အတွက် တပ်များကို နယ်စပ်ကီလိုမီတာတစ်ထောင်၏ အနောက်တွင် ထားရှိကြောင်း  ဗိုလ်မှူးကြီးဖုန်းတင့်က ဆက် လက်ပြောကြားသည်။

ဇန်နဝါရီ ၅ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသတွင် ဒေသဖွံ့ ဖြိုးရေးနှင့် နယ်စပ် ခြံစည်းရိုးစီမံကိန်းဆောင်ရွက်နေသောလုပ်ငန်းမှ ဦးအောင်ခိုင်ဝင်း မောင်းနှင်လာသည့် လီဖန်းအမျိုးအစား  Tipper ယာဉ်အမှတ်၊ 9M/----သည် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရန် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲမြို့မှ ဘူးသီးတောင်မြို့ သို့ ထွက်ခွာလာစဉ် နံနက် ၁၀ နာရီခန့်၌ တောင်ပြိုလက်ဝဲ-ဘူးသီးတောင် ကားလမ်း ပေါ်ရှိ ကြိမ်ချောင်းကျေးရွာ၏ အနောက် မြောက်ဘက် မီတာ ၅၅၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးခန့်က လက်လုပ် မိုင်းတစ်လုံးဖြင့် မော်တော်ယာဉ်အား ဖောက်ခွဲခဲ့ပြီး လုပ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားလမ်း၏တောင်ဘက်သို့ အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တို့အား ချုံခိုတိုက်ခိုက်ခဲ့မှုဖြစ်စဉ်မှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ARSA အဖွဲ့က ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ARSA ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်း လင်းရေးဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဦးရေသည် ခြောက်သိန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

Most Read

Most Recent