ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်မည့် ကျောက်ချွန်တံတား ဆောက်လုပ်နေပြီဖြစ်ပြီး ကမ်းခြေပတ်လမ်းအတွက် အဓိက အရေးပါသော တံတားဖြစ်နေ

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်မည့် ကျောက်ချွန်တံတား ဆောက်လုပ်နေပြီဖြစ်ပြီး ကမ်းခြေပတ်လမ်းအတွက် အဓိက အရေးပါသော တံတားဖြစ်နေ
Published 13 January 2018

ကျောက်ချွန်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဦးဖိုးစံ)

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်မည့် ကျောက်ချွန်တံတား ဆောက် လုပ်နေပြီဖြစ်ပြီး  ကမ်းခြေပတ်လမ်းအတွက် အဓိကအရေးပါသော တံတားဖြစ်နေကြောင်းနှင့် ဂွမြို့မှ ၁၀ မိုင်ခန့်အကွာတွင် ရှိကြောင်း သိရသည်။

အဆိုပါတံတားသည် ဧရာဝတီတိုင်းမှ ပေါက်လှဂျိုင်ကျေးရွာနှင့် ဂွမြို့နယ် ကျောက်ချွန်ကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်သည့် တံတားဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအား ဆက်သွယ်ဖောက်လုပ်သည့် တံတားဖြစ်ကာ ကမ်းခြေပတ်လမ်း တည်ဆောက်ရန်အတွက် အရေးပါသော တံတားဖြစ်ပြီး ပေ ၂၀၀ အရှည်သာ ရှိကြောင်းလည်း သိရသည်။

အဆိုပါ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ယမန်နေ့က သွားရောက် လေ့လာခဲ့ပြီး ဧရာဝတီတိုင်းသို့ တိုက်ရိုက် သွားလာနိုင်မည့် အရေအတွက် ယင်းနှင့်ပတ်သက်ပြီး သွားရောက်လေ့လာရာတွင် ပါဝင်ခဲ့သူ ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက “အဲဒီတံတားဟာ အရေးပါတဲ့ တံတားတစ်စင်း ဖြစ်တယ်။ ရခိုင်ပြည်နယ် ဂွမြို့နဲ့ဆိုရင် ၁၀ မိုင်သာဝေးတယ်။ အဲဒီတံတားကို ဖောက်လိုက်တာနဲ့ ဧရာဝတီတိုင်းထဲကို ရောက်သွားတယ်။ ပုသိမ်နဲ့ဆိုရင် မိုင် ၅၀ လောက်ဝေးတယ်။ ဂွမြို့နယ်ဘက်မှာတော့ လမ်းကို ဖောက်လုပ်နေပြီ ဖြစ်တဲ့အတွက် ကားတွေတောင် သွားလို့ရနေပြီ။ ဒါပေမဲ့ ပုသိမ်ဘက်မှာတော့ လမ်းကြမ်းသာ ရှိသေးတယ်လို့ သိရတယ်၊ ကမ်းပတ်လမ်းလည်း ဖြစ်တဲ့အတွက် ငပလီနဲ့လည်း ဆက်သွယ်နိုင်မယ့်လမ်းဖြစ်တယ်။ နောက်ပြီး ဂွမြို့နယ်အတွင်းမှာလည်း ဟိုတယ်လုပ်ငန်းတွေ တည်ဆောက်သွားဖို့ ရှိတဲ့အတွက် ဧရာဝတီတိုင်းက တိုက်ရိုက်လာရောက်နိုင်မှာ ဖြစ်တယ်” ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင် အဆိုပါ တံတားဘက်သို့သွားသည့် လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင်လည်း လျှပ်စစ်မီးများကို ဧရာဝတီတိုင်းမှ ရယူထားပြီး ဖြစ်ကြောင်းနှင့် ဂွမြို့အနီးတွင် မြစ်ကူးတံတား တစ်စင်းကိုလည်း တည်ဆောက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဇက်ဖြင့်သာကူးရန် အစိုးရမှ ရှင်းလင်းပြောကြားချက်များ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent