အင်းဒင်ကျေးရွာအနီး တွေ့ရှိခဲ့သည့် အလောင်းများနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် စုံစမ်းရှာဖွေရေးအဖွဲ့နှင့် ဂျာနယ်လစ်များ သတင်းရယူခွင့်ပေးရန် ဥရောပသမဂ္ဂထုတ်ပြန်

အင်းဒင်ကျေးရွာအနီး တွေ့ရှိခဲ့သည့် အလောင်းများနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် စုံစမ်းရှာဖွေရေးအဖွဲ့နှင့် ဂျာနယ်လစ်များ သတင်းရယူခွင့်ပေးရန် ဥရောပသမဂ္ဂထုတ်ပြန်
Published 12 January 2018

အင်းဒင်ကျေးရွာအနီးတွေ့ရှိခဲ့သည့် အလောင်းများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာကောင်စီ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် စုံစမ်းရှာဖွေရေးအဖွဲ့ နှင့် ဂျာနယ်လစ်များ သတင်းရယူခွင့်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ သံရုံးအကြီးအကဲများ၊ မြန်မာ နိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံရုံးအကြီးအကဲတို့ ပူးပေါင်းပြီး ထုတ်ပြန်ကြေငြာချက်အား ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်သည် မွတ်စလင် ၁၀ ဦးအား သတ်ဖြတ်ခဲ့ကြောင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ခံခဲ့ပါသည်။ သတ်ဖြတ်ခံရသူ ၁၀ ဦး၏ အလောင်းများကို မောင်တော ခရိုင် အင်းဒင်ကျေးရွာ အနီး အစုအပြုံလိုက် မြှုပ်နှံထားသော သချုႋင်းနေရာတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ လုပ်ရပ်များ ကျူးလွန်ခြင်းအတွက် တာဝန်ရှိသောသူများအား တာဝန်ခံမှု ရှိစေရေး သေချာစေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ခဲ့သော အကြမ်းဖက်မှု ဖြစ်ရပ်များ အားလုံးကို ဖော်ထုတ်ရန် စေ့စပ်သေချာပြီး ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးရေးတစ်ရပ် အရေးတကြီး လိုအပ်ချက်ကို အတည် ပြုလျက်ရှိကြောင်း၊ ယခုကဲ့သို့ ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား လုပ်ဆောင်သည့် ပြစ်မှုကျူးလွန်သူများကို ပြစ် ဒဏ်ခံရခြင်းမှ ကင်းလွတ်နေခြင်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဥရောပသမဂ္ဂသည် မြန်မာ နိုင်ငံအစိုးရအား လူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သော နိုင်ငံတကာအချက်အလက် စုံစမ်းရှာဖွေရေးအဖွဲ့နှင့် ဂျာနယ်လစ်များ အပါအဝင် အခြားလွတ်လပ်သောလေ့လာ သူများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါရန်နှင့် ပဋိပက္ခဖြစ်ပွားနေသော နေရာတိုင်းဆီသို့ ၎င်းတို့၏အတားအဆီးမရှိ လွတ်လပ် လုံခြုံစွာ သတင်းရယူပိုင်ခွင့်ကို နှောင့်နှေးခြင်း မရှိဘဲ ပေးအပ်ပါရန် ထပ်လောင်းတောင်း ဆိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent