<

မော်တော်ယာဉ် လိမ်လည်ငှားရမ်းသည်ဟုဆိုကာ အမေရိကန်နိုင်ငံသားကို အမှုဖွင့်

မော်တော်ယာဉ် လိမ်လည်ငှားရမ်းသည်ဟုဆိုကာ အမေရိကန်နိုင်ငံသားတစ်ဦးကို အမျိုးသမီးတစ်ဦးက ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမှုဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်နေ မ …… (၂၆ နှစ်)သည် ၎င်းနှင့် ခင်မင်ရင်းနှီးသူ Mr. Garrett Foster Perez အမေရိကန်နိုင်ငံသား(စိစစ်ဆဲ)သည် ဒဂုံမြို့နယ်၌ ရုံးခန်းဖွင့်လှစ်၍ ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင် နေပြီး လုပ်ငန်းတွင် အသုံးပြုရန် 6I/ —- Alphard ယာဉ်အား ယာဉ်သက်သေခံ လက်မှတ်နှင့်အတူ ခေတ္တငှားရမ်းခဲ့ကြောင်း၊ အောက်တိုဘာလတွင်  Garrett Foster Perez က အဆိုပါမော်တော်ယာဉ်အား စီးနင်းခြင်းမပြုဘဲ အခြားသူများက အသုံးပြုနေကြောင်း သိရှိရ၍ Mr. Garrett Foster Perez ၏ ရုံးခန်းသို့ သွားရောက်ခဲ့ရာ အတွေ့မခံဘဲ တိမ်းရှောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါ ရှိချက်အရသိရသည်။ ထို့ကြောင့် Mr. Garrett Foster Perez အား အရေးယူပေးရန်တိုင် တန်းခဲ့ရာ ဗဟန်းမြို့မရဲစခန်းက (ပ)၁၇/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း သိရသည်။

January 11, 2018














Copy Protected by Chetan's WP-Copyprotect.