မကွေးတိုင်းတွင် တစ်လလျှင် အနည်းဆုံး တရားမဝင်သစ်တန်ချိန် ၁၀၀ ကျော်အထိ ဖမ်းဆီးရမိနေဟုဆို

မကွေးတိုင်းတွင် တစ်လလျှင် အနည်းဆုံး တရားမဝင်သစ်တန်ချိန် ၁၀၀ ကျော်အထိ ဖမ်းဆီးရမိနေဟုဆို
Published 12 January 2018

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တစ်လလျှင် အနည်းဆုံး တရားမဝင်သစ်တန်ချိန် ၁၀၀ ကျော်အထိ ဖမ်းဆီးရမိနေသည်ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးမှူး ဦးမြင့်သိန်းခိုင်က ဆိုသည်။

မကွေးတိုင်းဒေသကြီးအတွင်း တစ်လလျှင် အနည်းဆုံး တရားမဝင်သစ်တန် ၁၀၀ မှ အများဆုံးတန် ၃၀၀ ကျော်အထိ ဖမ်းဆီးရမိမှုများရှိနေပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် တရားမဝင်သစ်တန်ချိန် ၃၀၀၀ ကျော် ဖမ်းဆီးရမိနေကြောင်း သိရသည်။

“တစ်လကို အနည်းဆုံး တရားမဝင်သစ်တန် ၁၀၀ ကျော်နဲ့ ၂၀၀ ကြားမှာ ဖမ်းမိနေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ တရားမဝင်သစ်တန်ချိန် ၃၀၀၀ နီးပါး ဖမ်းမိခဲ့ပါတယ်။ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း မနှစ်က ဘဏ္ဍာနှစ်လောက်တော့ ဖမ်းမိမှာပါ။ ပိုနည်းနည်း လိုနည်းနည်းပေါ့။ ဖမ်းမိတဲ့သစ်ကတော့ မျိုးစုံပါပဲ။ ကျွန်တော်တို့ တိုင်းထဲက ထွက်တဲ့သစ်တွေပါသလို တခြားပြည်နယ်နဲ့ တိုင်းထဲကထွက်တဲ့ သစ်တွေလည်းပါပါတယ်” ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးမှူး ဦးမြင့်သိန်းခိုင်က ပြောကြားသည်။

သစ်တောဌာနမှ ဝန်ထမ်းအင်အား နည်းပါးမှုကြောင့် ပြည်ထဲရေးလက်အောက်ရှိ ရဲဝန်ထမ်းများနှင့်ပူးပေါင်းပြီး တရားမဝင်သစ်များကို ဖမ်းဆီးလျက်ရှိပြီး တရားမဝင် သစ်ထုတ်လုပ်နေမှုများကို ဖမ်းဆီးရမိရေးကို ပြည်သူများလည်း ပူးပေါင်းပါဝင်ကြရန် ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် လစဉ် စာရင်းများအရ မတ်လအတွင်း အများဆုံးအနေဖြင့် တရားမဝင်သစ် ၃၅၀ဒသမ ၄၈၂၇ တန်အထိ ဖမ်းဆီးရမိခဲ့ပြီး၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ မကွေးတိုင်းအတွင်း တရားမဝင်သစ် တန်ချိန်၂၃၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြို့နယ်များမှ တရားမဝင် သစ်ဖမ်းဆီးရမိမှု အများဆုံးဖြစ်နေကြောင်း တိုင်းသစ်တောဦးစီးမှူးက ပြောကြားသည်။

Most Read

Most Recent