မြဝတီနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ E- Visa အပါအဝင် Passport Visa ဖြင့် ဝင်ရောက်လည်ပတ်သူ လစဉ်မြင့်တက်နေပြီး ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသွား ၁၄၇၀၀ ကျော် လာရောက်လည်ပတ်ခဲ့

မြဝတီနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ E- Visa အပါအဝင် Passport Visa ဖြင့် ဝင်ရောက်လည်ပတ်သူ လစဉ်မြင့်တက်နေပြီး ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသွား ၁၄၇၀၀ ကျော် လာရောက်လည်ပတ်ခဲ့
Published 11 January 2018

မြဝတီနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသွားများအား တွေ့ရစဉ်

မြဝတီနယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ E- Visa အပါအဝင် Passport Visa ဖြင့် ဝင်ရောက်လည်ပတ်သူ လစဉ်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ဇန်နဝါရီမှ ဒီဇင်ဘာလကုန်အထိ ထိုင်းနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသွား ၁၄၇၀၀ ကျော် ဝင်ရောက်လည်ပတ်ခဲ့ကြောင်း မြဝတီချစ်ကြည်ရေးတံတားမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက် ဖြစ်သည့် မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ပြည်တွင်းသို့ E- Visa အပါအဝင် Passport Visa ဖြင့် ဝင်ရောက်လည်ပတ်သူများ ရှိသလို ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာသူ ထိုင်းနိုင်ငံသားများလည်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ မြဝတီနယ်စပ်မှ အောက်တိုဘာအတွင်းက Passport Visa ဖြင့် ဝင်ရောက်လာသူ နိုင်ငံခြားသား အမျိုးသား အမျိုးသမီး ၇၃၃ ဦး၊ E- Visa ဖြင့် ဝင်ရောက်ခဲ့သည့် ကမ္ဘာ့လှည့်ခရီးသွား အမျိုးသား၊ အမျိုးသမီး ၃၆၇ ဦးထိရှိခဲ့ပြီး ယခင် စက်တင်ဘာလက Passport Visa ဖြင့် ဝင်ရောက်လာသူ နိုင်ငံခြားသား ၅၃၂ နှင့် E- Visa ဖြင့် ဝင်ရောက်ခဲ့သူ ၂၅၆ ဦးသာ ရှိခဲ့သည့်အတွက် မြဝတီနယ်စပ်မှ နိုင်ငံခြားသား ဝင်ရောက်လည်ပတ်မှု ပိုမိုများပြားလာခဲ့ကြောင်း မြဝတီချစ်ကြည်ရေးတံတားမှ သိရသည်။

ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ E- Visa ဖြင့် ဝင်ရောက်လည်ပတ်မှုကို ၂၀၁၆ ခုနှစ် သြဂုတ် ၂၅ ရက်တွင် စတင်ခဲ့ပြီး ယင်း ၂၀၁၆ ခုနှစ်တွင် အမျိုးသားနိုင်ငံခြား (တတိယနိုင်ငံ) ၆၄၀ ဦး၊ အမျိုးသမီး ၅၇၈ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။ ယခုနှစ်တွင် မြဝတီနယ်စပ် ဂိတ်ပေါက်မှတစ်ဆင့် ပြည်တွင်းသို့ E- Visa ဖြင့် ဝင်ရောက်လည်ပတ်သူ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

E- Visa ဖြင့် နိုင်ငံပေါင်း ၆၀ ကျော်မှ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်လျက်ရှိပြီး စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၂၅ ရက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်းသို့ E- Visa အပါအဝင် ဗီဇာပါရှိ သော Passport Visa ဖြင့် ဝင်ရောက်လည်ပတ်ခဲ့သူ ၁၄၇၁၅ ဦး ရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာခဲ့သူမှာလည်း ၁၃၇၅၂ ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ Passport Visa ဖြင့် ဝင်ရောက် လည်ပတ်သူ ယခုနှစ်တွင် ပိုမိုများပြားလာပြီး မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်ခဲ့သူ တတိယနိုင်ငံသား ၈၉၁၅ ဦး၊ ထိုင်းနိုင်ငံသား ၅၇၉၉ ဦး ရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာခဲ့သူ တတိယနိုင်ငံ သား ၈၃၄၈ ဦး၊ ထိုင်းနိုင်ငံသား ၅၅၁၁ ဦး ရှိခဲ့ကြောင်း သိရသည်။

မြဝတီနယ်စပ်ဂိတ်ပေါက်မှ တစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ Passport Visa ဖြင့် ထွက်ခွာမှုတွင် မြန်မာနိုင်ငံသား အများဆုံးဖြစ်ကာ ယခုနှစ် ဒီဇင်ဘာလကုန်အထိ အမျိုးသား၊ အမျိုးသမီး ၁၃၇၅၃ ဦး ထွက်ခွာခဲ့ပြီဖြစ်သော်လည်း ပြန်လည်ဝင်ရောက်လာသူ ၈၆၀၈ ဦးသာရှိကြောင်း သိရသည်။

Most Read

Most Recent