မကွေးတိုင်းဒေသကြီးအတွင်း ချင်းစာပေသင်ကြားနေသည့် ဆရာဆရာမ ၃၃၀ ကျော်ကို နေ့စားလပေး ဆရာဆရာမများအဖြစ် ခန့်အပ်

မကွေးတိုင်းဒေသကြီးအတွင်း ချင်းစာပေသင်ကြားနေသည့် ဆရာဆရာမ ၃၃၀ ကျော်ကို နေ့စားလပေး ဆရာဆရာမများအဖြစ် ခန့်အပ်
Published 10 January 2018

မကွေးတိုင်းဒေသကြီးအတွင်း ချင်းစာပေ သင်ကြားနေသည့်သူ ၃၃၀ ကျော်ကို နေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း ချင်းလူမျိုးများ တည်ရှိရာ မြို့နယ်များ၌ ကလေးငယ်များကို ချင်းစာပေ သင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမ ၃၃၀ ကျော်ကို ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး နေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်မှု ပြုလုပ်ခဲ့ပြီးထိုဆရာ၊ ဆရာမများထဲမှ ဘွဲ့ရရှိသူများသည်ဆရာလုပ်သက် တစ်နှစ်ပြည့်ပါက ဆရာဖြစ်သင်တန်းတက်စေပြီး မူလတန်းပြဆရာ၊ ဆရာမများအဖြစ် ခန့်အပ်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆရာ၊ ဆရာမလျှောက်လွှာ လျှောက်တုန်းကတော့ ၅၀၉ လောက်ရှိပါတယ်။ ဒီထဲကမှ ကိုးတန်းအောင်ကနေစပြီး ဘွဲ့ရတဲ့သူတွေ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ချင်းစာပေသင်ကြားဖို့ နေ့စားလပေး ဆရာ၊ ဆရာမအဖြစ် ပညာရေးဌာနက ခန့်တာပါ။ လစာလည်းကလည်း ပညာရေးဌာနက ပေးမှာပါ။နောက်ပြီး ဒီချင်းစာပေသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေထဲကမှ ဘွဲ့ရရှိထားတဲ့ လူတွေကို တစ်နှစ် ဆရာလုပ်သက်ပြည့်သွားရင် ဆရာဖြစ်သင်တန်း တက်စေပြီး မူလတန်းပြတွေအဖြစ် ခန့်အပ်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်” ဟု မကွေးတိုင်းဒေသကြီး ချင်းဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

“အရင်က ချင်းစာပေ သင်တဲ့လူတွေကို ယူနီဆက်ကနေ တစ်နှစ်ကို ချီးမြှင့်ငွေကျပ် ၃၀၀၀၀ ပေးပါတယ်။ အခုလို နေ့စားလပေးတွေအဖြစ် ခန့်ထားမယ်ဆိုတော့ ကျွန်မတို့အတွက်လည်း အဆင်ပြေတယ်။ နောက်ပြီး ကလေးတွေကိုလည်း အရင်ကထက် အချိန်ပေးပြီး စာသင်နိုင်တာပေါ့။ နေ့စားလပေးတွေအဖြစ် အရွေးမခံရတဲ့သူတွေကတော့ အရင်ကလို ချီးမြှင့်ငွေ ၃၀၀၀၀ ရရှိမှာပါ” ဟု အောင်လံမြို့နယ်၌ ချင်းစာပေသင်ကြားပေးနေသည့် ဆရာမတစ်ဦးက ဆိုသည်။

Most Read

Most Recent