၂၀၁၇ ခုနှစ်အတွင်း ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများကြောင့် ၅၀၀၀ ကျော် သေဆုံးပြီး ပျမ်းမျှတစ်ရက်လျှင် ၁၄ ဦး သေဆုံး

၂၀၁၇ ခုနှစ်အတွင်း ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများကြောင့် ၅၀၀၀ ကျော် သေဆုံးပြီး ပျမ်းမျှတစ်ရက်လျှင် ၁၄ ဦး သေဆုံး
Published 10 January 2018

၂၀၁၇ ခုနှစ်အတွင်း ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများကြောင့် လူ ၅၀၀၀ ကျော် သေဆုံးခဲ့ပြီး ပျမ်းမျှတစ်ရက်လျှင် ၁၄ ဦးနှုန်း သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်၂၀၁၇ ခုနှစ်အတွင်း ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု စုစုပေါင်း ၁၈၁၇၁ မှုဖြစ်ပွားခဲ့ပြီး ၅၂၅၀ ဦးသေဆုံးကာ၂၉၁၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများအနက် မန္တလေးတိုင်းဒေသကြီးသည် လူသေဆုံးမှုအများ ဆုံးဒေသဖြစ်ပြီး ယာဉ်တိုက်မှု ၂၂၃၃ မှုဖြစ်ပွားသည့်အနက် ၇၈၉ ဦး သေဆုံးခဲ့ပြီး ၃၅၆၅ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၅၈၃ မှုဖြစ်ပွားသည့်အနက် ၅၉၃ ဦးသေဆုံးခဲ့ပြီး ၃၂၈၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၆၉၆ မှု ဖြစ်ပွားခဲ့ပြီး ၅၄၃ ဦး သေဆုံးခဲ့ကာ ၄၅၅၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၀၃၃ မှုဖြစ်ပွားခဲ့ပြီး  ၄၀၄ ဦးသေဆုံးခဲ့ကာ ၃၅၅၀ ဒဏ်ရာရရှိခဲ့သည်။ ရှမ်းပြည်နယ်တွင် ယာဉ်မတော်တဆမှု ၁၂၁၄ မှု ဖြစ်ပွားခဲ့ပြီး ၅၃၇ ဦးသေဆုံးကာ ၁၆၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၆၈၉ မှု ဖြစ်ပွားခဲ့ပြီး ၄၅၁ ဦးသေဆုံးကာ ၃၀၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားသည့် ဒေသများဖြစ်ကြောင်း မြန်မာနိုင်ငံယာဉ်ထိန်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် တစ်နိုင်ငံလုံးရှိ အမြန်လမ်းမကြီးများတွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၅၅၅ မှု ဖြစ်ပွားခဲ့သည့်အနက် ၁၁၅ ဦး သေဆုံးကာ ၈၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ နယ်ခြားစောင့်ဒေသများတွင် ယာဉ်မတော်တဆမှု ၃၆ မှုဖြစ်ပွားခဲ့ပြီး  ၁၀ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ကျပ်သန်း ၅၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံယာဉ်ထိန်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most Read

Most Recent