ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရားမဝင် သစ်များ တင်ဆောင်ထားသည့် ခြောက်ဘီးယာဉ် ၁၅ စီး ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရားမဝင် သစ်များ တင်ဆောင်ထားသည့် ခြောက်ဘီးယာဉ် ၁၅ စီး ဖမ်းမိ
Published 10 August 2017

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရားမဝင်သစ်များ တင်ဆောင်ထားသည့် ခြောက်ဘီးယာဉ် ၁၅ စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ဟိုနားကျေးရွာအနီးသို့ ရောက်ရှိစဉ် လမ်းဘေးချုံများအတွင်း ရပ်တန့်ထားသော ယမ်းဖောင်းအမျိုးအစား ခြောက်ဘီးယာဉ်သုံးစီး နှင့် ယာဉ်များပေါ်တွင် တင်ဆောင်ထားသော စကားဝါသစ် အမျိုးအစားငါးတန်ခန့်နှင့် ကျွန်း၊ သစ်မာခွဲသား ဆိုက်စုံ ၁၉ တန်ခန့်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဟိုနားကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ သို့ရောက်ရှိစဉ်တွင်လည်း လမ်းနံဘေးချုံများအတွင်း ရပ်တန့်ထားသည့် ယမ်းဖောင်း အမျိုးအစား ခြောက်ဘီးယာဉ် ၁၂ စီးနှင့် ယာဉ်များပေါ်တွင် တင်ဆောင်ထားသော ကျွန်း၊ သစ်မာခွဲသား ဆိုက်စုံ ၅၁ တန်ကျော် အား ဆက်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့်ဖြစ်စဉ်တွင် ပိုင်ရှင်မဲ့များအဖြစ် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရမိခဲ့သော ယာဉ်များ နှင့် သစ်များအား နမ့်ခမ်းမြို့သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ယာဉ်ကြီးများဖြင့် တရားမဝင်သစ်ခိုးထုတ်မှုကို မကြာခဏ သိမ်းဆည်းရမိလေ့ရှိပြီး အပြင်သစ်တောကြိုးဝိုင်းများအတွင်း သစ်မှောင်ခိုမှုများကိုလည်း ဆက်တိုက်ဖမ်းဆီးရမိနေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

Most Read

Most Recent