နိုင်ငံ့ဝန်ထမ်းဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအား အကာအကွယ်ပေးရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်၍ လုပ်ငန်းခွင်၌ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ယင်းအဖွဲ့က ကူညီမည်

နိုင်ငံ့ဝန်ထမ်းဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအား အကာအကွယ်ပေးရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်၍ လုပ်ငန်းခွင်၌ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ယင်းအဖွဲ့က ကူညီမည်
Published 7 January 2018

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအား အကာအကွယ်ပေးရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်၍ လုပ်ငန်းခွင်တွင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ယင်းအဖွဲ့က အထူးအလေးအနက်ထား၍ ကိစ္စပြီးဆုံးသည်အထိ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့၏ တာဝန်ဝတ္တရားများမှာ နိုင်ငံ့ဝန်ထမ်းဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များဖြစ်သော ဆရာဝန်များ၊ ဆရာမများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများမှ လိုအပ်သော ကိစ္စရပ်များကို ဆက်သွယ်၍ အကူအညီ တောင်းခံပါက ဝန်ထမ်းများအတွက် မားမားမတ်မတ် ရပ်တည်၍ အဘက်ဘက်မှ ပံ့ပိုးကူညီနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် ကိစ္စပြီးမြောက်သည်အထိ ကူညီဆောင်ရွက်ပေးရန်၊ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအား အကာအကွယ်ပေးရေးအတွက် ဥပဒေနှင့် နည်းဥပဒေများပြုစုနိုင်ရေး အကြံပြုတင်ပြရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးနေမှုနှင့် အကြံပြုတင်ပြချက်များကို အမြဲတမ်း အတွင်းဝန်နှင့် ပြည်ထောင်စုဝန်ကြီးထံ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြရန်တို့ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/ ၂၀၁၇) ဖြင့် ယင်းအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ) ကုသရေးဦးစီးဌာန၊ အဖွဲ့ဝင်များအဖြစ် ညွှန်ကြားရေးမှူး (သူနာပြု)၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (လူ့စွမ်းအားအရင်းအမြစ်) ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သူနာပြု) ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စီမံ) ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စီမံ) တိုင်းရင်းဆေးပညာဦးစီးဌာန၊ လက်ထောက်အတွင်းဝန် (အုပ်ချုပ်/ စီမံ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ကျန်းမာရေး)၊ ဒုတိယ ညွှန်ကြားရေးမှူး (ပြည်တွင်း/ ပြည်ပဆက် ဆံရေး) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (အစားအသောက်) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အတွင်းရေးမှူးအဖြစ် ညွှန်ကြားရေးမှူး (ကုသ/ ကာကွယ်/ ဆေးခုံ) ကု သရေးဦးစီးဌာနတို့က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent