မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက် (SEA) အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေမှုအပေါ် ဒေသခံများက ဆန္ဒထုတ်ဖော်ရန်ကြိုးပမ်းသော်လည်း ဆန္ဒထုတ်ဖော်ခွင့်မရ

မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက် (SEA) အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေမှုအပေါ် ဒေသခံများက ဆန္ဒထုတ်ဖော်ရန်ကြိုးပမ်းသော်လည်း ဆန္ဒထုတ်ဖော်ခွင့်မရ
Published 6 January 2018

မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်တွင် မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက် (SEA) အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေမှုအပေါ် ဒေသခံများက ဆန္ဒထုတ်ဖော်ရန်ကြိုးပမ်းစဉ်

မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်တွင် မြန်မာနိုင်ငံရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် (SEA) အားဖွံ့ဖြိုးရေးအတွက် အထက်ဧရာဝတီမြစ်ဝှမ်းဒေသ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေမှုအပေါ် မြစ်ဆုံဒေသခံများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးလှုပ်ခ ရှားသူများက ဆန္ဒထုတ်ဖော်ရန် ကြိုးပမ်းသော်လည်း တရားဝင်ခွင့်ပြုချက်မရရှိသောကြောင့် ဆန္ဒထုတ်ဖော်ခွင့်မရခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် လူ ၅၀ ခန့် က Palm Spring ဟိုတယ်ရှေ့တွင် လူစုခဲ့ သော်လည်းခွင့်ပြုချက်မရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့က တားမြစ်ခဲ့ကြောင်း သိရသည်။

အောင်မြင်သာကျေးရွာမှ ဒေါ်ဂျာခွန်က“အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မှာကို မနေ့က ၁ နာရီလောက်မှ သိတာပါ။ ငြိမ်းစုစီဥပဒေအရ စတင်ခြင်းကို နှစ်ရက်ကြိုတင်ပြုလုပ်ရမည် ဖြစ်သည့်အတွက် ဘယ်သူ့ကိုမှ အကြောင်း မကြားဘဲ ပြုလုပ်ရန် စီစဉ်ထားသောကြောင့်

ခွင့်ပြုချက် မရရှိခဲ့ဘူး။ ဆန္ဒမဖော်ထုတ်လိုက်ရဘူး။ ဟိုတယ်ရှေ့ကို လူ ၅၀ ကျော်လောက် ရောက်သေးတယ်။ ရဲတွေက အဆင်သင့်စောင့်နေတာ။ ကျွန်မတို့က IFC နှင့် တခြားအဖွဲ့အ စည်းတွေက ရေကာတာတွေ တည်ဆောက်ရာမှာ ကူညီတယ်။ သူတို့အဖွဲ့က ဝပ်ရှော့လုပ်နေကြတာ။ ဒေသခံလည်း မပါဘူး။ ကချင်နိုင်ငံရေးပါတီကလူတွေလည်း မပါဘူး။ အဓိကတော့ မြစ်ဆုံရေကာတာလုပ်တာကို မလိုချင် လို့ ဆန္ဒပြတာပါ။ ကျွန်မတို့ကိုင်တဲ့ ဆန္ဒပြတဲ့ စာရွက်ရယ်၊ ပါတီရဲ့ ထုတ်ပြန်ချက်တွေကို ဝပ်ရှော့ တာဝန်ရှိသူတွေကို ပေးလိုက်တယ်” ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ မလိယန်မှ  ဦးမုန်ရာက ဆန္ဒထုတ်ဖော်မှုသည် မြစ်ဆုံရေကာတာ စီမံကိန်းရပ်တန့်ပေးရန်နှင့် ကချင်ပြည်နယ်တွင် နိုင်ငံတကာအဖွဲ့အစည်းမှ အကြီးစားစွမ်းအင် ထုတ်လုပ်မှုစီမံကိန်းကို ရည်ရွယ်သည့် မဟာဗျူဟာမြောက် လေ့လာ ဆန်းစစ်ရေး လုပ်ငန်းများကို ကန့်ကွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (KPCC) လည်း နိုင်ငံတကာအဖွဲ့အစည်းများက ဦးဆောင်ပြီး အထက်ဧရာဝတီ မြစ်ညာမြစ်ဝှမ်းဒေသတွင် ရေအားလျှပ်စစ်ကဏ္ဍအတွက် မူဝါဒလေ့လာ ဆန်းစစ်မှုအပေါ် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ဇန်နဝါရီ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းသဘောထား ထုတ်ပြန် ချက်တွင် ပြည်တွင်းစစ်ဖြစ်နေသာ ကချင်ပြည် နယ်တွင် နိုင်ငံတကာအဖွဲ့အစည်းများက အ ကြီးစားစွမ်းအင်ထုတ်လုပ်မှု စီမံကိန်းများကို ရည်ရွယ်သည့် မဟာဗျူဟာမြောက် လေ့လာဆန်းစစ်ရေးအဖွဲ့အား ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဆန်းစစ်လေ့လာမှု လုပ်ငန်း ကိုနိုင်ငံတကာအဖွဲ့အစည်းများနှင့် တစ်ဖက်သတ်လုပ်ဆောင်ခြင်းသည် လွဲမှားသော လုပ်ရပ်ဖြစ်ကြောင်း၊ ပြည်နယ်တွင်း လျှပ်စစ်စွမ်းအင်နှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းများတွင် ဒေသခံဌာနေတိုင်းရင်းသားများ၏ ပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့် တို့ကို လုပ်ငန်းအကောင်အထည်ဖော်မှု အဆင်ဆင့်တွင် ပါဝင်စေရန်၊ စစ်မြေတလင်းတွင် အကြီးစားစီမံကိန်းကို ထောက်ပံ့မည့်အစားစစ်ပြေးဒုက္ခသည်များကူညီခြင်းနှင့် ငြိမ်းချမ်း စွာဖြေရှင်းခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း သဘောထားထုတ်ပြန်ခဲ့ သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် IFC နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်းက မြန်မာ့ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု လမ်းပြမြေပုံအလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ ယင်းအချိန်က မြစ်ဆုံဒေသမှ ရွှေ့ပြောင်းကျေးရွာသားများနှင့် နိုင်ငံရေးပါ တီများက ဆန္ဒပြကန့်ကွက်ခဲ့သည်။

Most Read

Most Recent