၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု တစ်နေ့လျှင် ပျမ်းမျှ ခုနစ်မှုနှုန်းဖြစ်ပွား

၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု တစ်နေ့လျှင် ပျမ်းမျှ ခုနစ်မှုနှုန်းဖြစ်ပွား
Published 6 January 2018

ရန်ကုန်မြို့တွင်း သွားလာနေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်မတော်တဆမှု တစ်နေ့လျှင် ပျမ်းမျှ ခုနစ်မှုနှုန်း ဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ ၅ ရက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရ သည်။

၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် ရန်ကုန် တိုင်းဒေသကြီး၌ ယာဉ်မတော်တဆမှု စုစုပေါင်း ၂၅၇၁ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၅၉၉ ဦးရှိပြီး ဒဏ်ရာရသူ ၃၂၆၃ ဦးအထိရှိကြောင်း သိရသည်။

ဇန်နဝါရီလတွင် ယာဉ်မတော်တဆမှု ၂၆၀ ဖြစ်ပွားပြီး ၆၄ ဦးသေဆုံးကာ ၃၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ တွင် ယာဉ်မတော်တဆမှု၂၃၀ ဖြစ်ပွားပြီး ၅၃ ဦးသေဆုံးကာ ၃၀၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မတ်လတွင် ယာဉ်မတော်တဆမှု ၂၂၀ ဖြစ်ပွားပြီး ၄၆ ဦးသေဆုံးကာ ၃၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဧပြီလတွင် ယာဉ်မတော်တဆမှု ၂၇၃ မှု ဖြစ်ပွားပြီး ၆၉ ဦးသေဆုံးကာ ၃၅၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မေလတွင် ယာဉ်မတော်တဆမှု ၂၂၆ မှု ဖြစ်ပွားပြီး ၅၂ ဦးသေဆုံးကာ ၃၀၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဇွန်လတွင် ယာဉ်မတော်တဆမှု ၂၁၅ မှုဖြစ်ပွားပြီး ၅၁ ဦးသေဆုံးကာ၂၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဇူလိုင်လတွင် ယာဉ်မတော်တဆမှု ၁၉၀ ဖြစ်ပွား ပြီး ၄၈ ဦးသေဆုံးကာ ၂၃၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သြဂုတ်လတွင် ယာဉ်မတော်တဆမှု ၁၇၅ မှုဖြစ်ပွားပြီး ၄၈ ဦးသေဆုံးကာ ၁၈၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စက်တင်ဘာလတွင် ယာဉ်မတော်တဆမှု ၁၇၄ မှုဖြစ်ပွား ပြီး ၃၅ ဦးသေဆုံးကာ ၁၉၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အောက်တိုဘာလတွင် ယာဉ်မတော်တဆမှု ၁၈၂ မှုဖြစ်ပွားခဲ့ပြီး ၄၂ ဦးသေဆုံးကာ ၂၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ယာဉ်မတော် တဆမှု ၁၈၀ ဖြစ်ပွားပြီး ၃၈ ဦးသေဆုံးကာ ၂၄၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒီဇင်ဘာလတွင် ယာဉ်မတော်တဆမှု ၂၄၆ မှုဖြစ်ပွားပြီး ၅၃ ဦးသေဆုံးကာ ၃၀၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မတော် တဆမှုအများစုမှာ ယာဉ်မောင်းသူ ပေါ့ဆစွာ မောင်းနှင်မှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ လမ်းအသုံးပြုသူ ပေါ့ဆမှုများကြောင့် ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ်များအား ရာဇသတ်ကြီး ပုဒ်မများဖြစ်သည့် ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၂၀၂၊ ၃၀၄-က စသည်ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent