မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း- တောင်ပြိုကားလမ်း တရိန်းကျေးရွာနှင့် ကျွန်းပေါက်ပြုစု ဘင်္ဂါလီရွာကြား တောင်ကြားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့စီးနင်းလာသည့်ကားတစ်စီး မိုင်းခွဲခံရပြီးဘင်္ဂါလီအကြမ်းဖက်သမားများ ပစ်ခတ်သဖြင့် လုံခြုံရေးအရာရှိတစ်ဦး အပါအဝင် ခြောက်ဦး သေနတ်ဒဏ်ရာရရှိ

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း- တောင်ပြိုကားလမ်း တရိန်းကျေးရွာနှင့် ကျွန်းပေါက်ပြုစု ဘင်္ဂါလီရွာကြား တောင်ကြားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့စီးနင်းလာသည့်ကားတစ်စီး မိုင်းခွဲခံရပြီးဘင်္ဂါလီအကြမ်းဖက်သမားများ ပစ်ခတ်သဖြင့် လုံခြုံရေးအရာရှိတစ်ဦး အပါအဝင် ခြောက်ဦး သေနတ်ဒဏ်ရာရရှိ
Published 6 January 2018

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း - တောင်ပြိုကားလမ်း ကျွန်းပေါက်ပြုစု ဘင်္ဂါလီရွာအနီး တောင်ကြားလမ်းပေါ်တွင် လုံခြုံရေးတပ်ဖွဲ့များ စီးနင်းလာသည့် မော်တော်ကားတစ်စီးသည် ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီခွဲက မိုင်းခွဲခံရပြီး ဘင်္ဂါလီအကြမ်းဖက်သမားများ ပစ်ခတ်သဖြင့် လုံခြုံရေးအရာရှိတစ်ဦး အပါအဝင် ခြောက်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများထဲတွင် ဆေးဗိုလ်အရာရှိတစ်ဦးနှင့် အရပ်သားတစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ကျန်လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးမှာ သေနတ်ဒဏ်ရာရရှိပြီး လက်ရှိတွင်မောင် တောဆေးရုံသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုင်းခွဲခံရသည့်ယာဉ်မှာ  ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုသည့်ကားဖြစ်ပြီး အဆိုပါယဉ်တွင်တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင် ခုနစ်ဦးနှင့် အရပ်သားဒရိုင်ဘာတစ်ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

အခြေအနေနှင့်ပတ်သက်ပြီး ကြိမ်ချောင်းကျေးရွာသားတစ်ဦးက “ကျွန်တော်တို့ သတင်းကြားလို့ သွားကြည့်တော့ ဆေးဗိုလ်ကြီးတစ်ဦး အပါအဝင် အားလုံး ခြောက်ဦး သေနတ်ဒဏ်ရာရပါတယ်။ ဆေးဗိုလ်ကြီးနဲ့ အရပ်သားတစ်ယောက်မှာတော့ ဒဏ်ရာပြင်းပါတယ်။ အခု မောင်တောဆေးရုံကို ယူသွားကြပါပြီ” ဟု ပြောကြားသည်။

တရိန်းကျေးရွာသားတစ်ဦးက “ဖြစ်တဲ့ နေရာက တရိန်းရွာအနောက်ဘက် တစ်မိုင်လောက်အကွာလောက်မှာ တပ်က ကားတစ်စီး မိုင်းခွဲခံရပါတယ်။ မိုင်းခွဲတော့ ညာဖက်နောက် တာယာနှစ်လုံး ပေါက်သွားတယ်။ ရှေ့မှန်တွေ ကွဲသွားတယ်။ ကားသွားလို့ မရတဲ့အခါ တောင်ပေါ်ကနေ ဘင်္ဂါလီအကြမ်းဖက်သမားတွေက သေနတ်နဲ့ပစ်တော့ ထိခိုက်ဒဏ်ရာရ ကြတာဖြစ်ပါတယ်။ အခုဒဏ်ရာရတဲ့သူတွေကို ၁၁ နာရီ ကျော်လောက်မှာ ကြိမ်ချောင်းကို ယူသွားပါတယ်။ ဖြစ်တဲ့နေရာက တရိန်းနဲ့ ကျွန်း ပေါက်ကုလားရွာကြားမှာဖြစ်တာပါ။ တောင်ပေါ်ကနေပစ်တော့ ကားမှာတောင် သေနတ်ထိတာ ရှစ်ချက်လောက်ရှိပါတယ်။ ကားကတော့ ဆောက်လုပ်ရေးမှာ ကျောက်သယ်တဲ့ တေပါကားပါ။ ကားက ဘီးပေါက်သွားပေမယ့် အဲဒီနေရာကနေ ကျွန်တော်တို့ တရိန်းရွာအထိ မောင်းလာတာပါ။ အခုတော့ တပ်က နယ်မြေ ရှင်းလင်းရေးလုပ်ဖို့ တက်သွားကြပါတယ်။ ဒဏ်ရာရတဲ့ထဲမှာ  ဗိုလ်ကြီးတစ်ယောက်မှာ ခြေမှာ၊ ကျောကုန်းမှာ  သုံးချက်လောက်သေ နတ်ဒဏ်ရာရပါတယ်။ တခြားသူတွေမှာလည်း ခြေတို့ လက်တို့၊ ကျောတိ့ုမှာ မစိုးရိမ်ရ ဒဏ်ရာရပါတယ်။ ဒရိုင်ဘာမှာလည်းသုံးချက်လောက် ဒဏ်ရာရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ က လမ်းကြုံလိုက်လာတဲ့ သဘောရှိပါတယ်။ ကျွန်တော်တို့ရွာမှာ ၅၅၀ တပ် က တစ်ဖွဲ့မ နေ့ကတည်းက ရောက်နေတာရှိပါတယ်။ဘာ ဖြစ်မလဲဆိုတာတော့မသိဘူး။ ကျွန်းပေါက် ကုလားရွာနဲ့ တောတွေမှာ ဘင်္ဂါလီအကြမ်းဖက်သမားတွေ ရောက်နေတာကြာပါပြီ။ ဟို တလောကကလည်း ရွာသားတစ်ယောက် အသတ်ခံရပါသေးတယ်” ဟု ပြောကြားသည်။

Most Read

Most Recent