FA ဖလားပွဲကို ကော်တင်ဟိုနှင့် ဆာလာ လွဲမည်ဟု ကလော့ပ် အတည်ပြု

FA ဖလားပွဲကို ကော်တင်ဟိုနှင့် ဆာလာ လွဲမည်ဟု ကလော့ပ် အတည်ပြု
Published 5 January 2018

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ရမည့် FA ဖလားပွဲတွင် အသင်း၏အဓိက ကစားသမားများဖြစ်သော ကော်တင်ဟိုနှင့် ဆာလာတို့ ပါဝင်နိုင်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး ကော်တင်ဟိုကို မန်စီးတီးနှင့် ရင်ဆိုင်ရမည့် ဇန်နဝါရီ(၁၄)တွင် ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ကလော့ပ်က ဆိုခဲ့သည်။ ထို့ပြင် နောက်ခံလူသစ် ဗန်ဒိုက်သည် အဲဗာတန်နှင့်ပွဲတွင် ပွဲထွက်ကစားရန် အသင့်ဖြစ်နေပြီဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent