မန်ယူအသင်းတွင် စာချုပ်ကုန်သည်အထိ ဆက်ရှိလိုသည်ဟု မော်ရင်ဟို ဆို

မန်ယူအသင်းတွင် စာချုပ်ကုန်သည်အထိ ဆက်ရှိလိုသည်ဟု မော်ရင်ဟို ဆို
Published 5 January 2018

မန်ယူနည်းပြ မော်ရင်ဟိုသည် စာချုပ်သက်တမ်းမကုန်မီ အသင်းနှင့်လမ်းခွဲဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ သွားပုပ်လေလွင့်သတင်းများသာဖြစ်ပြီး မိမိအနေဖြင့် မန်ယူအသင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ ဆက်ရှိလိုသည်ဟု တုံ့ ပြန်ပြောကြားခဲ့သည်။ မော်ရင်ဟိုက "ကျွန်တော် အခု စာချုပ်သက်တမ်းရဲ့အလယ်မှာပဲ ရှိနေပါသေးတယ်။ သက်တမ်းတိုးမလား၊ မတိုးဘူးလား စဉ်းစားနေရတဲ့အခြေအနေပါ။ ကျွန်တော် ဒီအသင်းမှာ ဆက်ရှိချင်ပါတယ်" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent