အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို အီဂျစ်တိုက်စစ်မှူး ဆာလာ ရရှိ

အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို အီဂျစ်တိုက်စစ်မှူး ဆာလာ ရရှိ
Published 5 January 2018

အာဖရိက အကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားအားတွေ့ရစဉ်

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)မှ ပြုလုပ်သည့် ၂၀၁၇ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးဘောလုံးသမားဆုပေးပွဲတွင် လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်မှူး ဆာလာက လီဗာပူးလ်အသင်းဖော် မာနေ၊ ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။

အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို ၁၉၉၂ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကင်မရွန်းကစားသမားများက (၁၁) ကြိမ်ရရှိကာ အများဆုံးအဖြစ် ဦးဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် လက်စတာအသင်းမှ အယ်လ်ဂျီးရီးယားကွင်းလယ်ကစားသမား မာရက်ဇ်က အကောင်းဆုံးဆုရယူနိုင်ခဲ့သည်။ သို့သော် မာရက်ဇ်သည် ၂၀၁၇ ခုနှစ် အာဖရိကအကောင်းဆုံးဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင်ပင် ပါဝင်လာခြင်းမရှိခဲ့ပေ။ ၂၀၁၇ ဆန်ခါတင်(၃)ဦးစာရင်းတွင် ပါဝင်လာသူများမှာ ဒေါ့မွန်အသင်းမှ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်း၊ လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်မှူး ဆာလာနှင့် ဆီနီဂေါတောင်ပံကစားသမား မာနေတို့ဖြစ်သည်။ ဆာလာသည် အီဂျစ်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် အဓိကနေရာမှ စွမ်းဆောင်ပေးနိုင်ခဲ့သည့်အပြင် လီဗာပူးလ်အသင်းတွင်လည်း ဆက်လက်ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အကောင်းဆုံးဆုရရှိရန် ရေပန်းအစားဆုံးကစားသမားလည်း ဖြစ်ခဲ့သည်။ ထို့ပြင် BBC မှချီးမြှင့်သော အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို ရရှိထားခဲ့သလို၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အကောင်းဆုံးအာရပ်ဘောလုံးသမားဆုကို ရရှိထားခဲ့သူလည်းဖြစ်သည်။

Most Read

Most Recent