ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် အပြစ်မရှိဘဲ ရက်ရက်စက်စက် အသတ်ခံရခြင်းဖြစ်ပြီး အမှုမှန်ပေါ်ပေါက်စေရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ရှင်းလင်း

ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် အပြစ်မရှိဘဲ ရက်ရက်စက်စက် အသတ်ခံရခြင်းဖြစ်ပြီး အမှုမှန်ပေါ်ပေါက်စေရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ရှင်းလင်း
Published 4 January 2018

Orchid Hotel ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် အပြစ်မရှိဘဲ ရက်ရက်စက်စက် အသတ်ခံရခြင်းဖြစ်ပြီး အမှုမှန်ပေါ်ပေါက်စေရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၃ ရက် ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ်ရှိ Orchid Hotel ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိသားစုဝင်များက ပြောကြားသည်။

“ဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် လုံးဝမယုံနိုင်ဘူး ။လုံးဝလည်း လက်မခံနိုင်ဘူး။ သူဟာ ဒီလိုမျိုး ရန်ဖြစ်တတ်သူ မဟုတ်ဘူးဆိုတာ သူ့အသိုင်းအဝိုင်းကရော သူ့အပေါင်းအသင်းတွေရော အားလုံးရော သိထားပြီးသားပါ။ New Year မှာ သူ အိမ်ကနေ ပါဝင်ချင်တယ်ဆိုပြီး အမေ့ကိုပြောတယ်။ အမေက တားတယ်။ မသွားဖို့ ပြောတယ်။ သူက ခွင့်ပြုဖို့ ပြန်ပြောလို့ အတန်တန်မှာပြီးတော့ အမေက လွှတ်လို့ သွားလိုက်တယ်။ မနက် ၆ နာရီနဲ့ ၇ နာရီ ကြားလောက်မှာ ကျွန်တော့်ဆီ ဖုန်းဝင်လာတယ်။ ကျွန်တော့အမေက ဆက်တာ။ သား ညီလေး ဆေးရုံမှာ ရောက်နေတယ်တဲ့။ အဲ့ဒါနဲ့ ဆေးရုံကို လိုက်သွားတယ်။ အရေးပေါ်ဌာနမှာပေါ့။ သူ လုံးဝသတိမရဘူး။ သူဆုံးသွားတဲ့အချိန်ထိ သတိမရသွားဘူး။ ကျွန်တော်က ဖြစ်သွားတာ သာမန်အနေအထား ဘဲထင်တာ။ သက်သာသွားမယ်လို့ထင်တာ။ ဦးနှောက်နဲ့ အာရုံကြောဌာနကို ရောက်သွားတယ်။ ဆရာဝန်က ဓာတ်မှန်ကို ကြည့်တယ်။ ပြီးတော့ ပြောတယ်။ အခြေနေက ဆိုးတယ်။ ဓာတ်မှန်အနေအထားအရ သူ့ရဲ့ ဦးနှောက်နဲ့ ဦးခွံ့ရဲ့ကြားမှာ သုံးလက်မခွဲ လေးလက်မလောက်ရှိတဲ့ အလျားရော အနံရောက ကျွံဝင်ပြီးတော့ ကြေမွသွားတယ်။ ဦးနှောက်ရဲ့ ပုံစံတွေက အကုန်ပျက်ဆီးနေတယ်။ ဦးနှောက်ထဲမှာလည်း သွေးခဲနေတယ်။ အဲ့ဒါနဲ့ operation လုပ်ဖို့ ကြိုးစားကြတာပေါ့။ ၁၀ နာရီလောက်မှာ operation လုပ်ဖြစ်တယ်။ operation မလုပ်ခင်မှာ ဆရာဝန်ကပြောတယ်။ ၇၀-၃၀ လောက်ဘဲ မှန်းထားဖို့ပြောတယ်။ operation ၄၅ မိနစ်လောက် လုပ်ပြီးချိန်မှာ အောင်မြင်စွာ ပြီးသွားတယ်လို့ ကြားရတယ်။ သူပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားကြတာပေါ့။ နောက်နေ့ မနက်မှာ ကျွန်တော် သူ့ကိုကြည့်လိုက်တော့ သူ့ပုံစံက ပထမနေ့လို မဟုတ်တော့ဘူး။ အသက်ရှုတာတွေက ဟန်ချက်မညီတော့ဘူး။ အဲ့မကြာခင်မှာဘဲ သူဆုံးသွားတယ်။ ဒီနေ့မနက်မှာ ကျွန်တော်တို့ သဂြိုလ်ခဲ့ကြတာပေါ့။ သူဟာ ဘာမှ မဟုတ်တာတွေလည်း မလုပ်ထားဘူး။ အပြစ်မရှိတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။ အဲ့ဒါကို ဒီလိုမျိုးသတ်တယ်ဆိုတာ လုံးဝလက်ခံလို့ မရဘူး။ အဲ့ဒီ သတ်ဖြတ်မှု့ကို ကျွန်တော် လက်မခံဘူးဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။ အမှုမှန်လည်း အမြန်ဆုံး ပေါ်ပေါက်စေချင်ပါတယ်။ အဲ့ဒါကြောင့် ဒီသတင်းစာရှင်းလင်းပွဲကို လုပ်ရတာပါ။”ဟု သရုပ်ဆောင် အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက မီဒီယာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှုအခြေအနေနှင့် ပတ်သက်၍ သရုပ်ဆောင် အောင်ရဲထွေး၏ သူငယ်ချင်းဖြစ်သူ မမာလာသန်းက မီဒီယာများအား ဆက်လက် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

“သံသယရှိတဲ့သူ ဆိုတာကိုတော့ ကာယကံရှင်တွေဘက်က တင်ပြထားတာတော့ ရှိတာပေါ့။ ပေါ်ဆန်မွှေးလမ်းထဲမှာ ဖြစ်တဲ့အချိန် ကားနဲ့လိုက်ပို့ပေးတဲ့သူတွေရဲ့ ပုံသဏ္ဍာန်လောက်ကိုဘဲ လိုက်စုံစမ်းနေတာဘဲ ရှိပါတယ်။ ဖမ်းမိတယ်တို့ ဘာတို့တော့ ဘာမှမပြောသေးဘူး။ သူတို့လည်း စုံစမ်းဆဲလို့ဘဲပြောတယ်။ ကျွန်တော်တို့ကလည်း ဒီဘက်ကနေရတဲ့ သတင်းတွေ ဥပမာ ဖေစ့်ဘုတ်တွေမှာ တတ်လာတဲ့ တရားခံကို ဖမ်းမိပါတယ် ဆိုတာမျိုး မိဘကိုယ်တိုင် လာအပ်တယ်၊ ဘယ်သူရဲ့သားသမီးပါ အဲ့ဒါမျိုးတွေကို ကျွန်မတို့ဘက်က သတင်းအချက်အလတ် တစ်ခုအနေနဲ့ ယူထားတာဘဲ ရှိတယ်။ စခန်းမှူးကတော့ ကျွန်တော်တို့ကို တရားခံကတော့ ဖမ်းမိထားပါပြီ ဆိုတာမျိုးကိုတော့ အခုထိ အကြောင်းကြားခြင်း မရှိသေးပါဘူး” ဟု ပြောကြားသည်။

ထို့အတူ သရုပ်ဆောင် အောင်ရဲထွေး၏ producer ဖြစ်သူ ကိုရိုရှန်းကလည်း အဆိုပါဖြစ်ရပ်သည် ၎င်းနှင့် ဆက်စပ်နေခြင်း ရှိ မရှိ သေချာမသိသေးကြောင်း ဆက်လက် ပြောကြားသည်။

“%

Most Read

Most Recent