<

ကမ္ဘာ့ရွှေဈေး ၁၃၁၃ ဒေါ်လာအထိ ဆက်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၅၈၀၀ ၀န်းကျင်ဖြစ်နေ

ကမ္ဘာ့ရွှေဈေးသည် ဇန်န၀ါရီ ၃ ရက်တွင် ၁၃၁၃ ဒေါ်လာဝန်းကျင်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၅၈၀၀ ၀န်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိကျဆင်းခဲ့သည်။

နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၉၁၃၂၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်န၀ါရီ ၃ ရက်တွင် ကျပ် ၉၃၅၈၀၀ ၀န်းကျင်ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇူလိုင်လတွင် ၁၂၀၅-၁၂၆၈ ဒေါ်လာ၊ သြဂုတ်လတွင် ၁၂၅၈-၁၃၂၅ ဒေါ်လာ၊ စက်တင်ဘာလတွင် ၁၂၉၀-၁၃၅၆ ဒေါ်လာ၊ အောက်တိုဘာလတွင် ၁၂၆၁-၁၃၀၃ ဒေါ်လာ၊ နိုဝင်ဘာလတွင် ၁၂၆၆-၁၂၉၆ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ၀န်းကျင်မှ ၆၀ ကျော်အထိရှိခဲ့သည်။














Copy Protected by Chetan's WP-Copyprotect.