နှစ်စဉ်လိုငွေပြနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သတင်းစာစောင်ရေ ၁၁၈၃ ဒသမ ၃၅ သိန်း ထုတ်ဝေခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၂၄၂ ဒသမ ၉၁ သိန်း ထုတ်ဝေ

နှစ်စဉ်လိုငွေပြနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သတင်းစာစောင်ရေ ၁၁၈၃ ဒသမ ၃၅ သိန်း ထုတ်ဝေခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၂၄၂ ဒသမ ၉၁ သိန်း ထုတ်ဝေ
Published 2 January 2018

နှစ်စဉ်လိုငွေပြနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်တွင်းသတင်းစာထုတ်ဝေမှုအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သတင်းစာစောင်ရေ ၁၁၈၃ ဒသမ ၃၅ သိန်း ထုတ်ဝေခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၂၄၂ ဒသမ ၉၁ သိန်း ထုတ်ဝေခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာဘာသာဖြင့် ကြေးမုံ၊ မြန်မာ့အလင်းနှင့် အင်္ဂလိပ်ဘာသာဖြင့် The Global New Light of Myanmar သတင်းစာများကို ထုတ်ဝေနေခြင်း ဖြစ်သည်။ ထိုသို့ ထုတ်ဝေရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ကြေးမုံသတင်းစာစောင်ရေ ၆၂၃ ဒသမ ၉၃ သိန်းဖြစ်ပြီး မြန်မာ့အလင်းသတင်းစာ ထုတ်ဝေမှုမှာစောင်ရေ   သိန်း ၅၀၂ ဒသမ ၂၀ အထိရှိကာ  The Global News Light of Myanmar မှာ စောင်ရေ ၅၇ ဒသမ ၂၂ သိန်း ရှိနေသည်။

ထို့အတူ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ကြေးမုံသတင်းစာစောင်ရေ ၆၇၉ ဒသမ ၈၁ သိန်းဖြစ်ပြီး မြန်မာ့အလင်းသတင်းစာထုတ်ဝေမှုမှာစောင်ရေ  ၅၀၂ ဒသမ ၄၉ သိန်း အထိရှိကာ The Global New Light of Myanmar မှာ စောင်ရေ ၆၀  ဒသမ ၆၁ သိန်း ထုတ်ဝေခဲ့သည်။

နှစ်စဉ်လိုငွေပြနေသည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် လိုငွေ ကျပ်သန်းပေါင်း ၅၇၇၃၆ ကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လိုငွေ ကျပ်သန်းပေါင်း ၆၁၁၂၉ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် လိုငွေပမာဏ ကျပ်သန်းပေါင်း ၃၄၃၉၅  ကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ လက်ရှိအစိုးရ အာဏာရယူထားသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လိုငွေ ကျပ်သန်းပေါင်း ၂၂၁၇၀ ကျော်အထိ ဖြစ်ပေါ်ခဲ့ကာ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရငွေ ကျပ်သန်းပေါင်း ၃၅၇၅၃  ကျော်ရှိပြီး သုံးငွေမှာ ကျပ်သန်းပေါင်း ၆၀၀၅၄ ကျော် ဖြစ်၍ လိုငွေ ပမာဏ ကျပ်သန်းပေါင်း ၂၄၃၀၁  ကျော်အထိ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ကနဦးစာရင်းများအရ သိရသည်။

ဒီမိုကရေစီစနစ်နှင့် ကိုက်ညီခြင်းမရှိသည့် နိုင်ငံပိုင်သတင်းစာများကို NLD အစိုးရလက်ထက်တွင် အမြန်ဆုံးကိုင်တွယ်သွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရအပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် RFA သတင်းဌာနသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့မှုမှာ လက်ရှိအချိန်တွင် နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

Most Read

Most Recent