<

အင်းစိန်မြို့နယ်တွင် လမ်းနံဘေး၌ ရပ်ထားသည့် ထရပ်နောက်တွဲယာဉ်ကို ကိုယ်ပိုင်ယာဉ်တစ်စီးက ၀င်တိုက်ရာ အမျိုးသားတစ်ဦး သေဆုံး

အင်းစိန်မြို့နယ်တွင် လမ်းနံဘေး၌ ရပ်ထားသည့် ထရပ်နောက်တွဲယာဉ်အား ကိုယ်ပိုင်ယာဉ်တစ်စီးက ၀င်တိုက်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွားကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၂၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်တွင် ကို… (၃၄ နှစ်) သည် အာရာဖတ် အဖြူရောင်ယာဉ်အား ပုလဲလမ်းအတိုင်း အင်းစိန်ဘက်မှ ရွှေပြည်သာဘက်သို့ မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ယင်းသို့မောင်းနှင်လာစဉ် အမေဇုံ ကုမ္ပဏီရှေ့အရောက်တွင် လမ်းနံဘေး၌ရပ်ထားသည့် ထရပ်နောက်တွဲယာဉ်အား ၀င်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ ၀င်တိုက်မိသဖြင့် ကို… (၃၄ နှစ်) မှာ နဖူးပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ရင်ဘတ်ဖူးရောင် ဒဏ်ရာများရရှိပြီး အခင်းဖြစ် ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား အင်းစိန်မြို့မရဲ စခန်းက ယာဉ်(ပ) ၁၂၈/ ၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄ (က)/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် လူသေဆုံးမှုမှာ အများဆုံးနိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်စဉ်များမှာ ယာဉ်ကို ပေါ့ဆစွာမောင်းနှင်မှုကြောင့် အများဆုံးဖြစ်ကြောင်း သိရပြီး စည်းကမ်းတကျမောင်းနှင်နိုင်ရန် လိုအပ်ကြောင်း သိရသည်။

December 30, 2017














Copy Protected by Chetan's WP-Copyprotect.