အသေးစားနှင့် အလတ်စားလုပ်ငန်းများ လျှပ်စစ်ဓာတ်အားရရှိရန်အတွက် တစ်ကီလိုဝပ်မှ စတင်ထုတ်နိုင်မည့် ရေအားလျှပ်စစ်တန်ဖိုးနည်းတာဘိုင်ဖြင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

အသေးစားနှင့် အလတ်စားလုပ်ငန်းများ လျှပ်စစ်ဓာတ်အားရရှိရန်အတွက် တစ်ကီလိုဝပ်မှ စတင်ထုတ်နိုင်မည့် ရေအားလျှပ်စစ်တန်ဖိုးနည်းတာဘိုင်ဖြင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 31 December 2017

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အသေးစားအလတ်စားလုပ်ငန်းများ လျှပ်စစ်ရရှိစေရန်အတွက် တစ်ကီလိုဝပ်မှ စထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် တန်ဖိုးနည်း တာဘိုင်ငယ်များဖြင့် ထုတ်လုပ်နိုင်မည့် နည်းပညာများကိုလာမည့် နှစ်လခန့်တွင် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်ကပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်အစည်းအဝေး (၁၃) ကြိမ်မြောက် အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်

“SMEs လုပ်ငန်းတွေလုပ်လို့ရှိရင် စွမ်းအင်လိုအပ်ပါတယ်။ စွမ်းအင်မရှိလို့ရှိရင် ဘယ်စက်ရုံ SMEs မှ မလည်ပတ်နိုင်ပါဘူး။ SMEs က စက်မှုလုပ်ငန်းသာ မကပါဘူး။ ဝန်ဆောင်မှုလုပ်ငန်းတွေပါ ပါပါတယ်။ ဝန်ဆောင်မှုပဲဖြစ်ဖြစ် ဘယ် SMEs လုပ်ငန်းဖြစ်ဖြစ် ဒီ Energy ခေါ်တဲ့ လျှပ်စစ်ကဏ္ဍကို များသောအားဖြင့် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်ထုတ်လုပ်ဖို့အတွက် ကူညီဖို့အတွက်ကိုလည်း တာဘိုင်တွေ အခြားနည်းလမ်းတွေနဲ့ ဖန်တီးနေပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးနေတဲ့ လျှပ်စစ်ကို ဘယ်လိုပဲဖြစ်ဖြစ် ဈေးသက်သာစွာဖြင့် အန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်ဖို့အတွက် ဖန်တီးနေပါတယ်။ ဖန်တီးတဲ့အခါမှာ နောက်ဆုံးပေါ် နည်းပညာကို အတတ်နိုင်ဆုံး အသုံးပြုပါမယ်။ လိုအပ်တဲ့လျှပ်စစ်ကို နေရောင်ခြည်က ရရှိဖို့အတွက်လည်းရှာသလို ရေအားကလည်း ရှာပါတယ်။ လေအားကလည်း ရှာပါတယ်။ ယခုစက်မှုဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတဲ့ကဏ္ဍကတော့ ရေအားလျှပ်စစ် တန်ဖိုးနည်းသော တာဘိုင်အငယ်လေးတွေ တစ်ကီလိုဝပ်က နေထုတ်နိုင်အောင် လုပ်နေပါတယ်” ဟု၎င်းက ပြောကြားသည်။

အဆိုပါ ရေအားလျှပ်စစ်တာဘိုင်ငယ်များဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန်အတွက် အဓိက ဂျပန်နိုင်ငံအကူအညီဖြင့် သက်ဆိုင်ရာပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ၏ အကြံဉာဏ်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent