၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၇၉ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ပြန်လည်မြင့်တက်လာ

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၇၉ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ပြန်လည်မြင့်တက်လာ
Published 29 December 2017

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသ မ ၇၉ ရာခိုင်နှုန်းရှိပြီး အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၇၉ ရာခိုင်နှုန်းဖြစ်ပြီး အောက်တိုဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ခုနှစ် နိုဝင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၄ ဒသမ ၇၉ ရာခိုင်နှုန်းရှိ၍ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတို့၏ နှစ်အလိုက်ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၄ ဒသမ ၄၇ ရာခိုင်နှုန်း ရှိသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ရခိုင်ပြည်နယ်တွင် ၉ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့်   ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၇ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ မန္တလေးမြို့တွင် ၆ ဒသမ ၀၄ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ရခိုင်ပြည်နယ်တွင် ၉ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံး ဖြစ်ပေါ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေတွင် ၁ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့သည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ်အား ပြောင်းလဲတွက်ချက်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent