မီးလောင်ခဲ့သည်မှာ မှတ်တမ်းဟောင်းများ ဖြစ်သဖြင့် နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှု မရှိကြောင်း ရှမ်းပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ပြောကြား

မီးလောင်ခဲ့သည်မှာ မှတ်တမ်းဟောင်းများ ဖြစ်သဖြင့် နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှု မရှိကြောင်း ရှမ်းပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ပြောကြား
Published 28 December 2017

မီးလောင်ခဲ့သည်မှာ မှတ်တမ်းဟောင်းများဖြစ်သဖြင့် နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှု မရှိနိုင်ကြောင်း ရှမ်းပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက် ည ၈ နာရီခွဲခန့်တွင် လျှပ်စစ်ဝိုင်ယာရှော့ခ်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဓာတ်အားခ ကောက်ခံသော ပေ ၃၀_၇၀ ရှိ သစ်သားတန်းလျား တစ်ဆောင်နှင့် အနောက်ဘက်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ရပြီး အသေအပျောက်မရှိခဲ့ကြောင်း၊ ပျက်စီးတန်ဖိုး ကျပ်သိန်း ၃၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သော တန်းလျားသည် လျှပ်စစ်ဓာတ်အားခကောက်ခံသော နေရာဖြစ်သဖြင့် စာရင်းဇယားများကို ဖျောက်ဖျက်ခြင်းဖြစ်နိုင်ကြောင်း လူမှုကွန်ရက်များတွင် ပြောဆိုနေမှုများမှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောကြားသည်။

“စာရွက်စာတမ်းဆိုတာ ဟိုးနှစ်ပေါင်းမြောက်များစွာက မီတာဘေလ်အဟောင်းတွေကို သိမ်းထားတာပေါ့။ စတိုခန်းပေါ့။ လင်းသီဟကုမ္ပဏီကို မီတာကောက်ဖို့ ငှားထားတာပေါ့။ နှစ်ပေါင်း အဆက်ဆက်ကဟာတွေ။ ဖျက်ဆီးလို့လည်း မရဘူး။ အကြောင်းရှိလို့ ပြန်တိုက်ကြည့်ရင်လည်း ကြည့်လို့ရအောင် ထိန်းသိမ်းထားတဲ့သဘောပေါ့။ အများကြီး ဖြစ်နေတာ။ စာရင်းဇယားတွေကတော့ သိပ်အရေးတော့ မကြီးပါဘူး” ဟု ပြည် နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းရွှေက ပြောကြားသည်။

တောင်ကြီးမြို့တွင် တန်ဆောင်တိုင် ကာလအတွင်း မီးနှစ်ကြိမ်လောင်ခဲ့ပြီး အိမ်ခုနစ်လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

Most Read

Most Recent