<

တောင်ငူမြို့တွင် (၂၉)နှစ်မြောက် (၈၈၈၈) ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကျင်းပ

(၈၈၈၈) ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကို ယနေ့ (သြဂုတ်လ ၈ ရက်) နံနက် ၉ နာရီခွဲခန့်က တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော် ဘုရားအရှေ့ဘက် မုခ်ဦးတွင် ကျင်းပခဲ့ပြီး အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များအား ဦးဆောင်သူများက ပြောကြားခဲ့ကြပြီး ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလ၌ တောင်ငူမြို့ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်အနီးတွင် ကျဆုံးခဲ့သော တောင်ငူမြို့ခံ ၅ ဦး အတွက် အမှတ်တရပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အင်အား ၅၀ ၀န်းကျင်ခန့် ပါဝင်ခဲ့ကြကြောင်း သိရသည်။

“ဒီနေ့ ဒီနေရာမှာ ကျွန်တော်တို့ဘာကြောင့် လုပ်ရတယ်ဆိုတဲ့အကြောင်းလေးကို ကျွန်တော်နည်းနည်းရှင်းပြချင်ပါတယ်၊ ၉.၈.၈၈ မှာ ကျွန်တော်တို့တောင်ငူမြို့ရွှေဆံတော်ဘုရားမှာ သပိတ်စခန်းဖွင့်ခဲ့ပါတယ်၊ ၁၉.၈.၈၈ မှာ ဒီရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်မှာ ၁၂ နာရီတိတိမှာ အာဏာရှင်တွေရဲ့မတရားနှိပ်စက်ခြင်း ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့အတွက် ဒီနားမှာ သူငယ်ချင်းဇော်ဝင်းထွန်း၊ အလီ၊ဒေါ်သိန်းကြည်၊တင်ဦး၊ ကိုစိုးကြီးတို့ ၅ ယောက် ကျဆုံးခဲ့တဲ့အတွက်ကို ကျွန်တော်တို့ ဒီ ၈ ရက် ၈ လ ၈၈ ကို အမှတ်တရပြုလုပ်ခြင်း ဖြစ်ပါတယ်”ဟု တောင်ငူမြို့တွင် ကျင်းပသည့် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား ဦးဆောင်သူကိုအောင်ဇေယျကပြောကြားသည်။

August 8, 2017














Copy Protected by Chetan's WP-Copyprotect.