<

Lotteria Myanmar ၊ Market Place ၊ ပွင့်သစ်ဆန်း စားသောက်ဆိုင် အပါအ၀င် နာမည်ကြီးစားသောက်ဆိုင်များ၌ စားသုံးသူများသို့ အခွန်ပြေစာ ထုတ်ပေးရန် ပျက်ကွက်သဖြင့် အရေးယူထားပြီး ထပ်မံပျက်ကွက်ကြောင်း စိစစ်တွေ့ရှိပါက တရားစွဲဆိုခြင်းခံရမည်ဟု အသိပေး

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များ၌ ကျသင့်ငွေပေးချေချိန်တွင် စားသုံးသူများသို့ အခွန်ပြေစာထုတ်ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အရေးယူမှုများပြုလုပ်ခဲ့ရာ Lotteria Myanmar ၊ Market Place ၊ ပွင့်သစ်ဆန်း စားသောက်ဆိုင်စသည့် နာမည်ကြီးစား သောက်ဆိုင်များ ပါဝင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

စားသောက်ဆိုင်လုပ်ငန်းရှင်များသည် တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅ (ခ) နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀ (က) (၃)ပါပြဋ္ဌာန်းချက်များနှင့်အညီ  ရောင်းရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်ကို  စားသုံးသူထံမှ တစ်ပါတည်းကောက်ခံပေးရန် တာဝန်ရှိသကဲ့သို့  ကျသင့်ငွေပေးချေချိန်တွင် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းနှင့် ညီမျှသော အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ထားသည့်ပြေစာကို စားသုံးသူထံသို့ ထုတ်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါစားသောက်ဆိုင်များသည် ကျသင့်ငွေ ပေးချေချိန်တွင် စားသုံးသူများသို့ အခွန်အမှတ်တံဆိပ် အပြည့်အ၀ ကပ်နှိပ်ထားသော ပြေစာများကို ထုတ်ပေးရန် ဒုတိယအကြိမ် ပျက်ကွက်ခဲ့ခြင်းကြောင့် တည်ဆဲကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁၊ ပုဒ်ခွဲ (စ) အရ ဒဏ်ကြေးပေးဆောင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါစားသောက်ဆိုင်များအနေဖြင့်  ထပ်မံပျက်ကွက်ကြောင်း အများပြည်သူမှ တိုင်ကြားလာပါက (သို့မဟုတ်) စိစစ်တွေ့ရှိပါက ကုန်သွယ် လုပ်ငန်းခွန်ဥပဒေပုဒ်မ၂၃ (င) အရ တရားစွဲဆိုခြင်း ခံရမည်ဖြစ်ကြောင်း  အသိပေးထားသည်။

အဆိုပါစားသောက်ဆိုင်များမှာ  အမှတ်၈၀၊ ကျိုက်ဝိုင်းဘုရားလမ်း ၊ (၄)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်ရှိ  Golden Sea Malarngar Restaurant ၊ ၁၉/၂၀၊သုနန္ဒာလမ်းမကြီး၊(ည)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Happy KTV & O Par စားသောက်ဆိုင်၊ အမှတ် ၂၅၊ ပါရမီလမ်း၊(၈)ရပ်ကွက် ရန်ကင်းမြို့နယ်ရှိ ရွှေယုန်လေး၊ အမှတ် ၄၊ သုမင်္ဂလာလမ်း၊ (၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ SAMPATICA KTV ၊ အမှတ်  ၄၇၊ ဆရာစံလမ်း ၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ်ရှိ V8 KTV ၊ G 07  ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရှိ  Lotteria Myanmar စားသောက်ဆိုင်၊ ၇၃ (မြေညီ)၊ဘုန်းကြီးလမ်း၊ (၆)ရပ်ကွက်၊ လမ်းမတော်မြို့နယ်ရှိ One Zabb စားသောက်ဆိုင်၊ ၅၂၊ ဧရာဝဏ်လမ်း၊ (၇) အနောက်ရပ်ကွက်၊ သာကေတမြို့နယ်ရှိ စိုပြေစားသောက်ဆိုင်၊ ၂၂၂ ဗိုလ်မြတ်ထွန်းလမ်း ၊ (၉) ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်ရှိ  OSCAR Karaoke ၊  ၃၅၊ ပြည်လမ်း၊ ထောက်ကြံ့တောင်ပိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ လမင်းသာ-၂ စားသောက် ဆိုင်၊ ၅၂၀ အေ၊ ကမ္ဘာအေးဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်ရှိ  ပွင့်သစ်ဆန်း စားသောက်ဆိုင်၊ ဓမ္မစေတီလမ်း၊ ရွှေ ၂၊ ဗဟန်းမြို့နယ်ရှိ Market Place စားသောက်ဆိုင်၊ Myanmar Plaza Food City ၊ တတိယထပ်၊ ဗဟန်းမြို့နယ်ရှိ Palace Burmese စားသောက်ဆိုင်တို့ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

December 26, 2017














Copy Protected by Chetan's WP-Copyprotect.