ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၄၆၀၀ အထိဆက်လက်မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာ ၁၃၅၆ ကျပ်ဝန်းကျင်ရှိနေ

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၄၆၀၀ အထိဆက်လက်မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာ ၁၃၅၆ ကျပ်ဝန်းကျင်ရှိနေ
Published 26 December 2017

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၂၅ ရက်တွင် ၁၂၇၄ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းကျပ် ၉၂၄၆၀၀ အထိ ဆက်လက်မြင့်တက်ကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၆ ကျပ်ဝန်းကျင်ရှိနေကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀,၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇,၃၀၀ ဖြင့်စံချိန်တင်ထားပြီး နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀,၀၀၀ အောက်တွင်သာဆက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်တွင် ကျပ် ၉၂၄၆၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်းတွင် ဒီဇင်ဘာ ၂၂ ရက်၌ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၃ ပွိုင့်အောက်ဖြင့် ဈေးပိတ်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၆ ကျပ်ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ယခုနှစ်စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိကျဆင်းခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာ ၈၊ ၁၂၊ ၁၃ ရက်တွင် ၉၄ ပွိုင့်အထက်သို့ ရောက်ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ နှင့် ၂၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၂၂ ရက်တွင်လည်း ယင်းဝန်းကျင်သာ ဆက်ရှိခဲ့သည်။

Most Read

Most Recent