ဘင်္ဂါလီမွတ်စလင်တို့အား စစ်ရေးဖိနှိပ်မှု အဆုံးသတ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံ တိုက်တွန်း

ဘင်္ဂါလီမွတ်စလင်တို့အား စစ်ရေးဖိနှိပ်မှု အဆုံးသတ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံ တိုက်တွန်း
Published 25 December 2017

ဘင်္ဂလားဒေ့ရှ် သန်ခါလီဒုက္ခသည်စခန်းအား နိုဝင်ဘာ ၁၅ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AFP)

ဘင်္ဂါလီမွတ်စလင်တို့အား စစ်ရေးဖိနှိပ်မှု အဆုံးသတ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာ ၂၄ တွင် တိုက်တွန်းခဲ့ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တစ်ဦး ခန့်ထားရေးကိုလည်း တောင်းဆိုခဲ့သည်။

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က တင်သွင်းသော ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၂၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲဖြင့် အတည်ပြုခဲ့သည်။ ၂၄ နိုင်ငံမှာ မဲမပေးဘဲ နေခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘီလာရုစ်၊ ဆီးရီးယား၊ ဇင်ဘာဘွေနှင့် မြန်မာတို့က ကန့်ကွက်မဲ ပေးခဲ့ကြသည်။

အကူအညီပေးရေး အလုပ်သမားများ တင်ဆောင်ခွင့်ရရေး၊ ဒုက္ခသည်အားလုံး ပြန်လည်လက်ခံရေး၊ ဘင်္ဂါလီမွတ်စလင်တို့အား နိုင်ငံသားဖြစ်ခွင့်ပေးရေး တို့ကို ယင်းဆုံးဖြတ်ချက်က တောင်းဆိုထားသည်။

Most Read

Most Recent