၂၀၁၇ ထင်ရှား ကျော်ကြား

၂၀၁၇ ထင်ရှား ကျော်ကြား
Published 25 December 2017

၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် အများပြည်သူအကြား သိသာထင်ရှားသော လုပ်ရပ်များကြောင့် ထင်ရှားခဲ့သောပုဂ္ဂိုလ်များ၊ ဖြစ်စဉ်ဖြစ်ရပ်များ၊ အဖွဲ့အစည်းများအား ယခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် Weekly Eleven News Journal ဂျာနယ်မှ အောက်ပါအတိုင်း ရွေးချယ်ဖော်ပြအပ်ပါသည်။ ရွေးချယ်ဖော်ပြမှုများအတွက် မူဝါဒနှင့် သဘောထားမှာ Weekly Eleven News Journal ဂျာနယ်အယ်ဒီတာအဖွဲ့၏ အာဘော်နှင့် သဘောထားသာလျှင် ဖြစ်ပါသည်။ ထို့ပြင် ယခုရွေးချယ်မှုတွင် ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားမှုများ ပါဝင်သလို သတင်းဆိုးဖြင့် ထင်ရှားကျော်ကြားမှုများလည်း ပါဝင်ပါသည်။ အကယ်၍ ယခုရွေးချယ်မှုတွင် ၂၀၁၇ ခုနှစ်အတွင်း ထင်ရှားသောအဖြစ်အပျက်များ၊ ထင်ရှားကျော်ကြားသူများ ကျန်ရစ်မှုအချို့ရှိနိုင်ပါသည်။ ယင်းကဲ့သို့ ကျန်ရစ်မှုများရှိခဲ့ပါက ရွေးချယ်ဖော်ပြသော အယ်ဒီတာအဖွဲ့၏ တာဝန်သာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

 

■ Events of the Year

ရခိုင်အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ကျဆင်းခဲ့ရသော မြန်မာ့ပုံရိပ်

■ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) နိုင်ငံရေးအရ အရေးပါခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်များ

(၂) သမိုင်းဝင်စေခဲ့သော ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးမြန်မာခရီးစဉ်

(၃) ငွေစက္ကူများပေါ် ပြန်လည်ရောက်ရှိလာတော့မည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာများ

(၄) ချောင်းဆုံကပေးသော သင်ခန်းစာနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

(၅) သက်ရောက်မှု ရှိ မရှိ စောင့်ကြည့်ရတော့မည့် ဘဏ္ဍာနှစ်အပြောင်းအလဲ

(၆) အခြေခံမူ ၃၇ ချက်ထွက်ပေါ်လာသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး

(၇) လွှတ်တော်၏ ကောင်းမွန်သည့် ဆောင်ရွက်မှုဖြစ်စေသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှု

(၈) NLD အစိုးရလက်ထက် ဝန်ကြီးချုပ်တာဝန်က ပထမဦးဆုံးနုတ်ထွက်ခဲ့သည့် ဦးမင်းမင်းဦး

■ စီးပွားရေးနယ်ပယ်မှ ထင်ရှားမှုနှင့် ထူးခြားမှုများ

(၁) ၂၀၁၇ နှင့် အခြေခ ံစားသောက်ကုန်ဈေးနှုန်း မြင့်တက်မှု ဂယက်

(၂) အိန္ဒိယ၏ ပဲတင်သွင်းခွင့် ကန့်သတ်မှုကြောင့် ဟန်ချက်ပျက်ခဲ့ရသည့် မြန်မာ့ပဲဈေးကွက်

(၃) အခြေခံပြည်သူတွေ နေရေးခက်ပြီး ဆောက်လုပ်ရေးကဏ္ဍပြိုလဲမှု ဘယ်လို ထူမ, ကြမလဲ

(၄) အကောက်ခွန်နှုန်းထားများတိုးမြှင့်မှုက ပြည်သူကို အကျပ်ရိုက်စေသလား

(၅) ကူကယ်ရာမဲ့နေဆဲ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

(၆) ညာမောင်းကားများ တစ်ခန်းရပ်သွားစေသော နှစ်တစ်နှစ်လား

(၇) မြစ်ဆုံနှင့် OBOR တရုတ်အကျိုးစီးပွား မဟာဗျူဟာထဲမှာမနစ်မွန်းဖို့ ကြိုးပမ်းရမည့် မြန်မာ

(၈) နိုင်ငံတကာအဆင့် စည်းမျဉ်းများနှင့်ကိုက်ညီရန် အချိန်ယူရဦးမည့် မြန်မာ့ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး

(၉) အွန်လိုင်းလောင်းကစားမှုကို စစ်ဆေးရန် အကြောင်းပြပြီးတရုတ်နိုင်ငံမှ ပိတ်လိုက်သည့် ဘဏ်အကောင့်များကြောင့် နစ်နာခဲ့သော မြန်မာနိုင်ငံသားပိုင် ကုန်သွယ်မှုငွေစာရင်းများ

(၁၀) NLD အစိုးရလက်ထက် စီးပွားရေးကျဆင်းမှုဂယက်နှင့် စစ်တမ်းများကပြောသော စီးပွားရေးစီမံခန့်ခွဲခြင်း ညံ့ဖျင်းမှုဆိုင်ရာ ကိန်းဂဏန်းများ

(၁၁) NLD အစိုးရသက်တမ်း နှစ်နှစ်ခန့်အကြာတွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

■ လူမှုရေးနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) YBS (သို့မဟုတ်) ဝေဖန်မှု၊ ငြင်းခုံမှုများဖြင့် ၂၀၁၇ အတွက် NLD ၏ အကြီးမားဆုံး အပြောင်းအလဲတစ်ခု

(၂) ပုဒ်မ ၆၆ (ဃ) ပြီးနောက် ဝေဖန်မှု အခံရဆုံးဖြစ်ခဲ့သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုမှုများ

(၃) လူတစ်ဦးချင်းစီ၏ လုံခြုံရေးအတွက် ထိတ်လန့်စရာဖြစ်ခဲ့ရသည့်ဦးကိုနီအား လုပ်ကြံမှု

(၄) ပဟေဠိဆန်စွာဖြစ်ပွားခဲ့သော အမြန်လမ်းမကြီးပေါ်မှလူရှစ်ဦးသေဆုံးစေခဲ့သည့် ယာဉ်မီးလောင်မှု

(၅) သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှုများ အပါအဝင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုးရွားသော လူသတ်မှုဖြစ်စဉ်များ

(၆) ကျပ် ၃၇ ဘီလျံခန့် ဆုံးရှုံးခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအပါအဝင် ဆုံးရှုံးမှုကြီးမားသော မီးလောင်မှုများ

(၇) YBS ၏အဆိုးရွားဆုံး ယာဉ်တိုက်မှုအပါအဝင် လူအများအပြားသေဆုံးခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်များ

(၈) ငွေလဲကောင်တာအတွင်း သေနတ်ဖြင့်ခြိမ်းခြောက်လုယက်မှုအပါအဝင် ရန်ကုန်မြို့မှ မင်းမဲ့စရိုက်ဆန်ဆန် လုယက်မှုများ

(၉) ခွန်တန် (ခ) ဇာတ်လိုက်နှင့် အံ့သြမှင်တတ်စေသော ပန်းဦးလွှတ်ပြဿနာ

(၁၀) အစိုးရဟောင်းလက်ထက်က စာရင်းပျောက်ခဲ့သည့် ရေနံမှော်များမှရရှိသောငွေကျပ် သန်း ၇၀၀၀ ကျော်နှင့် NLD အစိုးရ၏ ကိုင်တွယ်မှု

(၁၁) ရန်ကုန်မြစ်အတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးစာမျက်နှာသစ် ဖွင့်လိုက်သည့်Yangon Water Bus

(၁၂) အဘက်ဘက်မှ ကျပ်တည်းမှုနှင့် ခုနစ်နှစ်နီးပါးကြာ တောင့်ခံထားရသောကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ

(၁၃) သတ်ဖြတ်ခံရမှုကြောင့် ပျောက်ကွယ်လုအခြေအနေနှင့် ရင်ဆိုင်နေရသောဧရာဝတီမှ တောဆင်ရိုင်းများ

(၁၄) မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် စိတ်ဝင်စားခြင်းခံရသည့် ကျိုက်ထီးရိုး Cable Car စီမံကိန်း

(၁၅) မြစ်ရေကြီးမှုသုံးကြိမ်ဖြင့် ထိုးနှက်ခံလိုက်ရသည့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ပြည်သူများ

(၁၆) Uber နှင့် Grab တို့ကြောင့် အငှားယာဉ်ဈေးကွက်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် ၂၀၁၇

■ ပညာရေးနှင့် အိုင်တီနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) နှစ်ပေါင်း၂၀ ကျော်ကြာမှ ပြန်လည်အသက်ဝင်လာသည့် RC 2 နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)

(၂) ဈေးကျပြီး မြန်နှုန်းမြင့်လာသော မိုဘိုင်းဖုန်းအင်တာနက်၊  မြန်မာနိုင်ငံလူဦးရေနှင့် တူညီသွားသော ဆင်းမ်ကတ်အရေအတွက်

■ ကျန်းမာရေးနယ်ပယ်မှ ထင်ရှားမှု

(၁) သေဆုံးသူ ၄၀ နီးပါးရှိခဲ့သည့် ရာသီတုပ်ကွေး H1N1 ဂယက်

■ အားကစားနယ်ပယ်မှ ထင်ရှားမှုအချို့

(၁) MMA ကစားသမားဘ၀ ၁၀ နှစ်ကျော်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူ အောင်လအန်ဆန်

(၂) ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲတွင်  ဆုကြေးစား သွားရောက်ကစားခွင့်ရခဲ့သည့် အောင်သူနှင့် ကျော်ကိုကို

(၃) အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၏ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်ခံရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်

(၄) အသင်းဖျက်သိမ်းမှုများနှင့် စိုးရိမ်ဖွယ်ရာ မြန်မာ့ဘောလုံးအနာဂတ်

(၅) တစ်ရာသီအတွင်း ချန်ပီယံဆုနှစ်ခုစလုံးယူနိုင်သော  ဒုတိယမြောက်အသင်းဖြစ်လာသည့် ရှမ်းယူနိုက်တက်

(၆) FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် ဘောလုံးသမားဟောင်းများ၏ ခရီးစဉ်

(၇) အာဆီယံပြိုင်ပွဲ၌ အောင်မြင်မှုလမ်းကြောင်းပေါ် တက်လှမ်းလာနိုင်ပြီး အာရှခြေစစ်ပွဲ ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည့် မြန်မာဖူဆယ်အသင်း

(၈) ကမ္ဘာ့ပြိုင်ပွဲနှင့် အာရှပြိုင်ပွဲတွင် ရွှေဆုရယူခဲ့သည့် ကာယဗလကစားသမား ထွန်းထွန်းအောင်

■ စာပေအနုပညာနယ်ပယ်မှ ကျော်ကြားသူများနှင့် ထင်ရှားမှုများ

(၁) ဗိုလ်အောင်ဒင်ဖြင့် ပရိသတ်ကို ခပ်ကြမ်းကြမ်း သိမ်းပိုက်နိုင်ခဲ့သူတေးသံရှင်မနော

(၂) ပရိသတ်များ၏စိတ်ဝင်စားမှုရရှိခဲ့သည့် သရုပ်ဆောင်ရဲတိုက်၏ ထောင်မှအပြန်

(၃) နှုတ်ခမ်းနီမလေးများ၏ရင်ကို စွဲကိုင်လှုပ်ခဲ့သော မိုရီဆာကီဝင်း

(၄) ဂျင်းကောင်စကားလုံးကို လူအများကြားတွင်ကျယ်စေခဲ့သူ သရုပ်ဆောင်မြင့်မြတ်

(၅) ထူးခြားသည့်ဆိုဟန်ဖြင့် ဂီတချစ်သူများကြားတွင် ရေပန်းစားခဲ့သူ လူငယ်တေးသံရှင် Mary

(၆) ရုပ်ရှင်ချစ်ပရိသတ်များ၏ရင်ကို စူးနစ်စေခဲ့သည့် ရင်ဘတ်ထဲကဓား

(၇) စာပေဆိုင်ရာ လှုပ်ရှားမှုများပြားခဲ့သည့် ၂၀၁၇ ခုနှစ်

(၈) ၂၀၁၇ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့သည့် စာအုပ်ပေါင်း ၅၀၀ ကျော်ရေးသားခဲ့သော စာရေးဆရာ မောင်စူးစမ်း

(၉) သဘင်ပညာရပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေးအဖွဲ့များကဏ္ဍခြောက်ခုအတွက် ဖွဲ့စည်းလိုက်ခြင်း

Most Read

Most Recent