မြန်မာပြည်မြောက်ဖျား ပူတာအိုမှ တောင်ဘက်စွန်းအထိ မိုင်တစ်ထောင်ကျော် စက်ဘီးနင်း ကစားသမားနှစ်ဦး ကော့သောင်းသို့ ရောက်ရှိလာ

မြန်မာပြည်မြောက်ဖျား ပူတာအိုမှ တောင်ဘက်စွန်းအထိ မိုင်တစ်ထောင်ကျော် စက်ဘီးနင်း ကစားသမားနှစ်ဦး ကော့သောင်းသို့ ရောက်ရှိလာ
Published 24 December 2017

မြန်မာပြည်မြောက်ဖျား ပူတာအိုမှ တောင်ဘက်စွန်းအထိ မိုင်တစ်ထောင်ကျော် စက်ဘီးနင်းသည့် အားကစားသမား နှစ်ဦးမှာ ဒီဇင်ဘာ ၂၃ ရက်က ကော့သောင်းသို့ ရောက်ရှိလာကြောင်း သိရသည်။

ကချင်ပြည်နယ် ပူတာအိုမြို့မှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အထိ မိုင်ပေါင်း ၁၇၃၅ မိုင် အကွာအဝေးကို ကိုမျိုးမြင့်ဗိုလ်နှင့် ကိုစိုင်းထွဋ်ဇော်မင်းတို့ နှစ်ဦးက စီးနင်းခဲ့ခြင်းဖြစ်ပြီး စက်ဘီးအားကစားကို ပြည်သူများ ပိုမိုသတိထားလာမိစေရန်နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့မှနိုဝင်ဘာ ၂၅ ရက်တွင် စတင်ထွက်ခွာလာပြီး ကော့သောင်းသို့ ဒီဇင်ဘာ ၂၃ ရက်တွင် ခရီးစဉ်အဆုံးသတ်အဖြစ် ရောက်ရှိလာကြောင်း သိရသည်။

“ခရီးစဉ်ကို ကျွန်တော် ရက် ၃၀ ကြာမယ်လို့ ခန့်မှန်းခဲ့တာပါ ခရီးစဉ်တစ်လျှောက်မှာ ရောက်ရှိတဲ့မြို့က စက်ဘီးအားကစားသမားတွေက ပူးပေါင်းကူညီပေးသလို ပျော်ပျော်ရွှင်ရွှင် စီးနင်းပေးကြပါတယ်။ ဒီခရီးစဉ်ကို စီစဉ်ရတဲ့အကြောင်းရင်းက သဘာ၀ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝနေထိုင်မှုတွေကိုပိုမိုသိရှိစေဖို့၊ စက်ဘီးအားကစားနည်းဖွံ့ဖြိုးလာဖို့၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုလျော့ ချဖို့ဖြစ်ပါတယ်” ဟု စက်ဘီးစီးသူ ကိုမျိုးမြင့်ဗိုလ်က ပြောကြားသည်။

Most Read

Most Recent