ယခုနှစ်တွင် ခရစ္စမတ် ရုံးပိတ်ရက်မှစ၍ ဂေါ်ရန်ဂျီကျွန်းသို့ လာရောက်လည်ပတ် အပန်းဖြေသူ ခရီးသွားများပြား

ယခုနှစ်တွင် ခရစ္စမတ် ရုံးပိတ်ရက်မှစ၍ ဂေါ်ရန်ဂျီကျွန်းသို့ လာရောက်လည်ပတ် အပန်းဖြေသူ ခရီးသွားများပြား
Published 24 December 2017

ငရုပ်ကောင်းဒေသရှိ ဂေါ်ရန်ဂျီကျွန်း၌ လည်ပတ်သူများ စည်ကားနေသည်ကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ရှိ ဂေါ်ရန်ဂျီကျွန်းသို့ ယခုနှစ်တွင် ခရစ္စမတ်ရုံးပိတ်ရက်မှ စတင်ကာ  လာရောက်အပန်းဖြေသူ များပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် ဂေါ်ရန်ဂျီကျွန်းသို့ လာရောက်အပန်းဖြေသူများမှာ ခရစ္စမတ် နောက်ပိုင်းမှသာ လာရောက် အပန်းဖြေသူ များပြားခဲ့သော်လည်း ယခုနှစ်တွင် ခရစ္စမတ်ပိတ်ရက်မှ စတင်ကာ လာရောက်လည်ပတ်သည့် ဧည့်သည်များ များပြားလျက်ရှိကြောင်း၊ တည်းခိုခန်းများပင် ကြိုတင်မှာယူထားသူများရှိကြောင်း ဒေသတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ကြိုးပမ်းနေသူများထံက သိရသည်။

“ဒီနှစ် ခရစ္စမတ်ပိတ်ရက် ခရီးသွားတွေ လာတာတော့ အများကြီးပဲ  ခရီးသွားဇုန် မဖြစ်သေးတဲ့အခါကျတော့ အစားအသောက်တွေက အများကြီး မပြင်ဆင်ထားတတ်ဘူးလေ။ ဒေသထွက် အစားအစာတွေကတော့ အများကြီး ရှိပါတယ်။ အခုလိုလာတဲ့ ဧည့်သည်တွေအတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး စီစဉ်ထားပါတယ်။ ခရီးသွားဇုန် တရားဝင် မဖြစ်သေးတဲ့အတွက် လမ်းတွေကတော့ အရင်ကထက်စာရင် နည်းနည်းကောင်းလာပေမဲ့ အပန်းဖြေခရီးသွားတွေအနေနဲ့ လာ ရောက်ဖို့ ခက်ခဲနိုင်ပေမဲ့ တကယ့်ကို သဘာ၀ အလှရှုခင်းတွေကို တန်ဖိုးထားခံစားချင်သူတွေကတော့ လာကြပါတယ်”ဟု လူထုအခြေပြု ခရီးသွားလုပ်ငန်း ကော်မတီဝင်တစ်ဦးဖြစ်သူ နန့်ချိုပြုံးက ပြောကြားသည်။

ဒေသခံမှ တစ်ပိုင်တစ်နိုင် ဖွင့်လှစ်ထားသော တည်းခိုခန်းမျာရှိပြီး  နှစ်ယောက်တည်းခိုခန်း တစ်ခန်းလျှင် ဈေးနှုန်းကျပ် နှစ်သောင်း၊ ကျပ် သုံးသောင်တို့ဖြစ်ကြောင်း၊ အနီးမှကျေးရွာအတွင်းရှိ နေအိမ်အချို့တွင်လည်း အဖွဲ့လိုက် သတ်မှတ်နှုန်းများဖြင့် တည်းခိုနိုင်ခြင်းများလည်းရှိကြောင်း ဒေသတွင်းတည်းခိုခန်း လုပ်ငန်းရှင်များထံက သိရသည်။

ဂေါ်ရန်ဂျီကျွန်းမှာ ဘုရားတောင်ပေါ်သို့ တက်ရောက် ဘုရားဖူးခြင်း၊ တောင်ပေါ်မှ ပင်လယ်ရှုခင်းများ ကြည့်ရှုနိုင်ခြင်းနှင့် အနီးတွင် လိပ်ချိုင်ကမ်းခြေ၊ ဟင်္သာချိုင်ကမ်းခြေတို့တွင် အပန်ဖြေးရေကစားနိုင်ကြောင်း၊ ပန်းကန်ကျွန်း၊ ကျောက်သေတ္တာကျွန်းစသည့် အနီးတစ်ဝိုက်ကျွန်းများသို့လည်း လည်ပတ်နိုင်ကြောင်း သိရသည်။

Most Read

Most Recent